Logged by an ETO

ETO Insights

ME Engine Control System မိတ်ဆက် (၁)

MC Engine တွေက  Cam shaft control နဲ့သွားတာဖြစ် လို့  Fuel injection ၊ Exhaust valve actuation မှာ လိုသလို Control လုပ်နိုင်ဖို့က ခက်ပါတယ်။ ME က cam shaft control  အစား Electronic control ဖြစ်သွားတဲ့အတွက်  Fuel injection timing နဲ့ rate ၊ Exhaust valve timing နဲ့ operation တို့ကို အဆင်ပြေပြေ လိုအပ်သလို ထိန်းညှိလို့ရလာပါတယ်။ အဲလို့ထိန်းချုပ်လို့ရတဲ့အတွက် Low Load Condition မှာ Fuel pressure မြင့်မြင့်မှာ ထားနိုင်တာ ၊ Cylinder Lubrication ကို လိုအပ်သလို ထိန်းညှိနိုင်တာ ၊ Engine balance နဲ့ load control ပိုကောင်းလာတာ စတဲ့ ကောင်းကျိုးတွေရလာပါတယ်။

             Electronic control က Fuel injection နဲ့ Exhaust valve actuation တို့အပြင် Governor Function၊ Cylinder Lubrication ၊ Start and reversing sequence၊ Starting Air valves နဲ့ Auxiliary blowers တို့ကိုပါ control လုပ်ပါတယ်။ အဲ့လို နေရာစုံ control  လုပ်ဖို့အတွက် controller တွေ လိုလာပါတယ်။  function တမျိုးကို Controller ပုံစံတမျိုး သုံးမယ့်အစား ပုံစံတူ Electronic controller တွေကို Software ပြောင်းပြီး အသုံးချပါတယ်။ အဲ့ controller  တွေကို Multipurpose Controller လို့ခေါ်ပါတယ်။                                                                                                  

ME မှာ ME-B နဲ့ ME-C ဆိုပြီး ရှိရာမှာ ME-B က cam shaft ပါ ပါတယ်။ သူက Fuel injection၊ Cylinder lubrication  ၊ Governor Function တို့က Electronic Control လုပ်ပေမယ့် Start and reversing sequence၊ Exhaust valve  actuation  တို့ကို Cam Control နဲ့ လုပ်ဆောင်ပါတယ်။

             MPC တွေကို Control System မှာ အောက်ပါအတိုင်း အသုံးပြုထားပါတယ်။

  1. EICU – Engine Interface Control Unit
  2. ECU – Engine Control Unit
  3. CCU – Cylinder Control Unit
  4. ACU – Auxiliary Control Unit

ဒီအပေါ် လေးမျိုးက  ME Engine တွေမှာ Engine Control System အတွက် အသုံးပြုတဲ့ MPC units တွေ ဖြစ်ပါတယ်။ Engine အမျိုးအစားအလိုက် တခြား  MPC units တွေ ထပ်တိုး ပါ တာရှိပါတယ်။

  • CWCU – Cooling Water Control Unit
  • SCU – Scavenging Control Unit

ပြီးတော့  IMO Tier III Engine တွေမှာ NOx reduction အတွက် Exhaust Gas Recirculation (EGR) ၊ Selective Catalyst Reactor (SCR) တို့ အတွက် MPC တွေ ထပ်ပါလာ ပါတယ်။ နောက်မှာ  MPC တွေကို သူတို့ Function အလိုက် ဆက်ရှင်းပါ့မယ်။

ME Engine Control System (c) MAN Diesel
MPC cabinet (C) Kyaw Soe Aung
MPC cabinet (c) Kyaw Soe Aung

MPC Basic Structure

            MPC က သူ့နာမည်အတိုင်း engine control system နေရာအလိုက် Program ကို ပြောင်းပြီး  အသုံးပြု လို့ ရတဲ့ Controller ဖြစ်ပါတယ်။ MPC တွေရဲ့ Hardware component တွေက အတူတူပဲ ဖြစ်ပါတယ်။  MPC က main processor အနေနဲ့  Motorola 68332 ကို အသုံးပြုထားပြီး အဲ ဒီ  processor ကို မော်တော်ကား engine တွေမှာ ကနဦး အသုံးချခဲ့တယ်လို့ သိရပါတယ်။ program ကို non-volatile Flash PROM မှာ သိမ်းထားပြီး  program ကို wired bus network ကနေ download လုပ်လို့ရအောင် ပြုလုပ်ထားပါတယ်။

 MPC တစ်ခုချင်းမှာ ID key (Dongle key) တစ်ခု ရှိပြီးတော့ အဲဒီ ID Key က MPC card ရဲ့ နေရာ၊နဲ့ Function, address စတာတွေကို မှတ်ထားပါတယ်။ MPC card အသစ်လဲတဲ့အခါ ကတ်အသစ်က ID key ကနေ တဆင့်  address ၊ Function စတာတွေကို သိရပါတယ်။

MPC card ရဲ့ status ကို  ကတ်ပေါ်မှာရှိတဲ့   LED indication ကတဆင့် သိနိုင်ပါတယ်။ ကတ်က ပုံမှန် အလုပ် လုပ်နေတယ်ဆိုရင် မီးအစိမ်းပုံသေ လင်းနေမှာဖြစ်ပါတယ်။ Program initializing လုပ်နေတာ၊ ကတ်ထဲ ဘာ data မှာရှိမနေတာ စတဲ့ အခြေအနေတွေဆို လိမ်မော်ရောင် ဖြစ်နေမှာပါ။ အနီရောင်ဆိုရင်တော့ ကတ်က လုံးဝ အလုပ်မလုပ်တဲ့ အခြေအနေပါ။ LED က ပုံသေလင်း နိုင်သလို မှိတ်လိုက်လင်းလိုက် လုပ်ပြီး ကတ် ရဲ့ အခြေအနေကို ပြောပြ နိုင်ပါတယ်။

LED Indications Syntax (c) MAN Diesel
LED Pulses-Identification and Descriptions  (C) Man B&W

MPC card ကို reset လုပ်ဖို့အတွက် reset ခလုပ် ကတ်ပေါ်မှာရှိပါတယ်။ EICU လို redundancy ရှိတဲ့ MPC ကို reset လုပ်ရင် Engine operation ကို မထိခိုက်ပေမယ့် CCU  ၊ ACU လိုမျိုး redundancy မရှိတဲ့ MPC ကို reset လုပ်ရင် Engine ကို slowdown ဖြစ်စေမှာ သတိပြုသင့်ပါတယ်။

MPC card ဘေးဖက်မှာ အ‌ရောင်တွေခွဲခြားသတ်မှတ်ထားတဲ့  Multicolor DIP switch နဲ့  ကတ်ရဲ့ အပေါ်မှာ အမည်းရောင် DIP switch S1 ဆိုပြီး DIP switch နှစ်ခုရှိပါတယ်။  Multicolor DIP switch ကို Enabling/Disabling Power, Watchdog timer စတဲ့ Program controller function အတွက် သုံးတာ ဖြစ်ပြီး   အစနဲ့အဆုံး ခလုပ်က  ပုံမှန် အခြေအနေမှာ အမြဲ OFF position ၊ ကျန်တာ က ON position မှာ ရှိနေရမှာပါ။ 

DIP switch S1ကတော့ ID key ကို programming လုပ်ဖို့အတွက် သုံးတာ ဖြစ်ပါတယ်။ နောက်မှာ အသေးစိတ် ထပ်ပြောပါ့မယ်။

MPC card ရဲ့  back-up power supply နဲ့ internal clock အတွက် coil battery တစ်ခုပါရှိပါတယ်။  batteryမရှိဘဲ MPC card ကို သုံးမယ်ဆိုရင် MPC card က သူ့အလိုလို  reset ဖြစ်တတ်တာ ရှိပါတယ်။ တကယ်လို့ Battery အားနည်းလို့ လဲရမယ်ဆိုရင် သင်္ဘော safe condition ဖြစ်တဲ့အချိန် Maneuvering လုပ်မနေတဲ့ အချိန် မှ သာ MPC card ကို power off ပြီး  battery လဲတာ လုပ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ Battery လဲတာက MPC card ကို reset နဲ့ restart ဖြစ်စေတတ်လို့ပါ။

MPC card (c) MAN Diesel

MPC card ရဲ့ နောက်မူကွဲ တစ်မျိုး က MPC-10ပါ။ သူက MPC ထက်စာရင် ပိုမိုရှိးရှင်းပြီး စျေးပိုသက်သာတယ် လို့ ဆိုပါတယ်။ Cylinder control unit (CCU) အတွက် MPC 10 ကို သုံးတတ်ကြပါတယ်။ MPC က external connectors ၅၅ ခု ရှိပြီး MPC-10 က ၂၂ ခုရှိပါတယ်။ MPC 10 က  MPC နဲ့မတူဘဲ အလုံပိတ် ဒီဇိုင်းဖြစ်ပါတယ်။

Cylinder Control Unit (CCU) နဲ့ Auxiliary Control Unit(ACU) တို့လိုမျိုးမှာ Load drive ကောင်းကောင်းအလုပ် လုပ်နိုင်ဖို့ Amplifier Unit တွေ နဲ့ ချိတ်ထားတတ်ပါတယ်။  တခါတရံ Amplifier Unit က cabinet ထဲ MPC နဲ့ တွဲပြီး  ရှိသလို MPC card အောက်မှာ ထားတာလည်းရှိပါတယ်။  MPC version တချို့ မှာတော့ Bult-in Amplification ရှိတတ်ပါတယ်။

Main Operating Panel (MOP)

            MOP က Engine Operation System အတွက် အဓိက ကျတဲ့ Information Interface ဖြစ်သလို Engine Control System Software ရှိတဲ့ Computer တွေလည်း ဖြစ်ပါတယ်။MOP က MPC တွေကို Control Networkက တဆင့် ဆက်သွယ်ပြီး ရလာတဲ့  Data တွေကို Operator ဆီ ပြ ပေးပြီး  လိုသလို ထိန်းညှိ ကွပ်ကပ်နိုင်အောင် စီမံပေးပါတယ်။  MOP  A နဲ့ MOP B ဆိုပြီး နှစ်ခုရှိပါတယ်။  Selective Catalyst Reactor (SCR) ဒါမှမဟုတ် Exhaust Gas Recirculation စတာတွေ အပိုပါတဲ့ TIRE III Engine မှာ သူတို့အတွက် အတွက် MOP တစ်ခုထပ်ပါ လာပါတယ်။

MOP ကနေတဆင့် alarm information ၊ Process parameters တွေ သိ နိုင်သလို MPC card တွေရဲ့  အခြေအနေ ၊ Input Output  တန်ဖိုးတွေကို အချိန်နဲ့တပြေးညီ ကြည့်နိုင်ပါတယ်။  Alarm တစ်ခု ချင်းဆီအတွက် Information တွေ troubleshooting guide တွေကို  ကြည့်နိုင်ပါတယ်။ MPC card တွေမှာ built-in Insulation monitoring ပါ ပါတယ်။ MPC card တွေရဲ့ Insulation Resistance status နဲ့  ၊ sensor တွေရဲ့ value၊ ဘယ် sensor က  ဘယ် MPC ကို ဝင်ထားတယ်ဆိုတာပါ  MOP မှာ ကြည့်နိုင်ပါတယ်။ Software ရဲ့ အသွင်အပြင်က ရိုးရှင်းပြီး အချိန်တိုအတွင်း ရင်းနှီးစေအောင် ပြုလုပ်ထားပါတယ်။

Alarm information showing on MOP
HCU Parameters on MOP

References

1) Hyundai-Man B&W Diesel Engine Main Engine Manual Volume II

2) MAN Diesel PrimeServ Academy

(This overview of ME Engine Control Systems is intended solely for educational purposes and knowledge sharing. It is not designed for commercial publication or professional use. The information provided aims to offer a general introduction to ME Engine Control Systems for those unfamiliar with the topic.

Please be aware that this overview is based on specific ME engines encountered and reflects current technology as of the date of writing. Due to the evolving nature of technology, there may be gaps, discrepancies, or inaccuracies in the information presented.

For the most accurate and up-to-date information, further research and consultation with industry experts are recommended. Corrections, additional insights, and feedback from the community are welcome to enhance the accuracy and usefulness of this material.)

Leave a comment

Leave a comment

About me

🔧 Marine Electrical & ETO Specialist | 10+ Years Experience | Lifelong Learner | Maritime Technology Enthusiast

I’m an experienced Electro-Technical Officer (ETO) with over a decade of hands-on work in the marine electrical field, primarily on tankers. From troubleshooting complex systems to ensuring electrical safety and operational reliability, I bring a practical, safety-first approach to every challenge onboard.

I’m passionate about marine technology, professional growth, and sharing real-life insights from my career through my blog: etoinsights.com.

Outside of work, I’m a proud new dad, and a believer in continuous learning — both at sea and on land.

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.