Logged by an ETO

ETO Insights

ME Engine Control System မိတ်ဆက် (၇)

Cylinder Lubricator

               သူက Hydraulic cylinder unit ရဲ့ Distribution block မှာ တွဲလျက် တပ်ဆင်ထားပါတယ်။ CCU က ပေးပို့တဲ့ Cylinder Lubrication rate အတိုင်း Lubricator ကို အဖွင့်အပိတ် အကြိမ်ရေ အတိုးအလျော့ လုပ်ပြီး လိုချင်တဲ့ Lubrication oil ပမာဏကို Cylinder unit တွေဆီ ပို့ပေးပါတယ်။ Lubricator on/off လုပ်ဖို့အတွက် System hydraulic oil ကို အသုံးပြုထားပါတယ်။ Hydraulic pressure က Lubricator ရဲ့ Spring အားကိုတွန်းကန်ပြီး Injector ကတဆင့် Cylinder lubricating oil တွေကို တွန်းပို့တာပါ။ Lubricator အလုပ် လုပ်မလုပ် သိအောင် အောင် Inductive proximity sensor ကို Feedback ယူဖို့ သုံးထားပါတယ်။

ဟိုအရင် MC  Engine တွေမှာ ပါတဲ့  Alpha lubricator  နဲ့ ကွာြခားချက်က အရင် Alpha lubricator မှာ Cylinder oil နဲ့ပဲ Lubricator ကို အဖွင့်အပိတ် လုပ်တာ ဖြစ်ပြီး ခု စနစ်တွေမှာတော့ Lubricator အဖွင့်အပိတ်ကို  Hydraulic oil နဲ့ လုပ်တာ ဖြစ်ပါတယ်။ အရင်စနစ်မှာက Lubricator ဆီ Cylinder oil ရောက်မလာခဲ့ရင် Lubricator အလုပ်လုပ်မှာ မဟုတ်သလို  Cylinder lubrication လဲ ရမှာ  မဟုတ်ပါဘူး။ အဲဒီတော့ lubricator ဆီက feedback မရတာနဲ့  system က lubrication မရတာ သိမှာပါ။ ခုစနစ်မှာက Hydraulic oil pressure ရောက်လို့ Lubricator အလုပ် လုပ်နေမယ်၊ feedback sensor ကလည်း Feedback ပေးနေမယ်၊ ဒါပေမယ့် Lubricating oil က Lubricator ထဲ ဝင်မနေဘူးဆိုရင် System က Lubricator အလုပ် လုပ်နေတယ်လို့ ထင်မယ် ၊ ဒါပေမယ့် cylinder lubricating oil က cylinder ဆီ ရောက်မနေတဲ့ ပြဿနာ ရှိလာ ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် Lubricator အဝင်မှာ tank အသေး တစ်ခုထဲ Level switch တပ်ပြီးတော့ cylinder lubrication oil‌ ရောက်မရောက်ကို အာရုံခံတာ ပါလာပါတယ်။

Figure 74 Lubricator- ME Lubricator Design © MAN PrimeServ
Figure 75 Level switch for Lubricator © MAN

ရှေ့မှာ MPC တွေ အကြောင်း ဖော်ပြခဲ့သလိုပဲ တကယ်လို့ CCU ပျက်သွားခဲ့ရင် CCU က Lubricator ဆီ command မပေးတော့ဘဲ cylinder lubrication  မရနိုင်တဲ့ အခြေအနေ ဖြစ်လာပါမယ်။ အဲဒီအခြေအနေမှာ ECU A ဒါမှမဟုတ် ECU B ရဲ့ J52 နဲ့  Lubricator ကို random federate တစ်ခုပေးဖို့အတွက် Emergency lubricator cable ကို ချိတ်ပေးရပါမယ်။

Figure 76 Emergency Lubrication Cable © MAN PrimeServ
Figure 77 Cylinder Lubricator © KSA
Figure 78 Cylinder Oil Lubrication System © MAN PrimeServ

Cylinder Lubrication လုပ်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ တစ်ခုက Fuel က Sulphur ကြောင့် ဖြစ်ပေါ်တဲ့  Sulphuric acid ကို ဓာတ်ပြယ်စေဖို့ပါ။ အဲဒီလို ဓာတ်ပြယ်ဖို့အတွက် Low BN (base number) နဲ့ High BN cylinder oil နှစ်မျိုးကို သုံးတဲ့ Fuel ပေါ်မူတည်ပြီး ချိန်ပေးရပါတယ်။ MGO သုံးနေချိန်ဆို Low BN cylinder oil ချိန်းပြီး HFO ဆို High BN ချိန်းပေးကြပါတယ်။ တချို့ ME တွေမှာ အဲဒီအတွက် Automatic Cylinder Oil Switch (ACOS) စနစ်နဲ့ Automated Cylinder Oil Mixing (ACOM) စနစ် တွေ ထပ်တိုး တပ်ဆင်ထားပါတယ်။

               Engine Control System က Fuel sulphur ပါဝင်နှုန်းကို မူတည်ပြီး cylinder lubricating feed rate ကို တွက် ထုတ်ပေးပါတယ်။ ACOS  စနစ် က  Feedrate က 1g/kWh နဲ့ အောက်ကို ရောက်ရင် Low BN oil ၊ 1g/kWh အထက်ဆို High BN  oil ကို 3 way valve နဲ့ ပြောင်းပေးတာပါ။ တကယ်လို့ System fail ဖြစ်ခဲ့ရင် 3 way valve က High BN oil လိုင်းကို ဖွင့်ထားမှာပါ။ ACOM  က ACOS လို့ လိုင်းပြောင်းပေးတာ မဟုတ်ဘဲ BN မတူတဲ့ Cylinder oil နှစ်ခုကို လိုချင်တဲ့ BN ရောက်အောင် Mixing  လုပ်ပေးတာ ဖြစ်ပါတယ်။ ခု လက်ရှိထိတော့ ဒီစနစ်နှစ်မျိုးလုံးကို ကျွန်တော် လက်တွေ့ မကြုံဖူးသေးပါဘူး။

References

1) Hyundai-Man B&W Diesel Engine Main Engine Manual Volume II

2) MAN Diesel PrimeServ Academy

(This overview of ME Engine Control Systems is intended solely for educational purposes and knowledge sharing. It is not designed for commercial publication or professional use. The information provided aims to offer a general introduction to ME Engine Control Systems for those unfamiliar with the topic.

Please be aware that this overview is based on specific ME engines encountered and reflects current technology as of the date of writing. Due to the evolving nature of technology, there may be gaps, discrepancies, or inaccuracies in the information presented.

For the most accurate and up-to-date information, further research and consultation with industry experts are recommended. Corrections, additional insights, and feedback from the community are welcome to enhance the accuracy and usefulness of this material.)

Leave a comment

About me

Hello! I’m an ETO from Myanmar, currently working on LNG tankers. Welcome to ETO Insights, a place where I share my ongoing learning experiences and observations about marine electrical systems.

In my work on oil products, chemical, and gas tankers, I’ve faced many technical challenges and learned a lot along the way. I don’t consider myself an expert—there’s always room to grow—but I hope that by sharing what I’ve experienced, I can help other ETOs, marine engineers, and anyone interested in marine electrical systems.

My goal with ETO Insights is to provide practical information, lessons, and tips that may support safer and more efficient marine operations. I hope these insights are useful, and I also welcome your questions, feedback, and shared experiences—because I’m still learning, just like you.

Thank you for visiting, and I hope you find the content helpful and engaging!

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.