Logged by an ETO

ETO Insights

24VDC Low Insulation ပြဿနာ

·

,

220V နဲ့ 440 V က သင်္ဘောတိုင်း ကြုံနေကျ ဖြစ်ပေမယ့် 24VDC ကတော့ ခု အစီး နဲ့ ရှေ့က အစီးမှာပဲ ကြုံဖူးသေးပါတယ်။

ကြုံခဲ့သမျှကလည်း တိုက်တိုက်ဆိုင်ဆိုင် inspection လာခါနီးရက်တွေနဲ့ ပြန်ခါနီးရက်တွေချည်းပါပဲ။ ရှေ့အစီး ကြုံတုန်းက Cylinder Lubricator ရဲ့ Power Supply Module ကပါ။ Main နဲ့ Backup ဆိုပြီး Power Supply Module နှစ်ခု ရှိတဲ့အထဲ 24VDC Distribution Panel ကနေ power ပေးထားထဲ့ Backup Supply Unit က လာတာပါ။ PCB ကတ်ကိုက low insulation ဖြစ်နေတာမို့ ကတ်အသစ်လဲရပါတယ်။

ဒီတစ်ခေါက် ကြုံရတဲ့အထဲ ပထမ တစ်ခု က Ship’s Clocks System က လာတာပါ။ အဲ့အချိန် နာရီတွေကလည်း ရပ်နေတော့ low insulation ကို အလွယ်တကူပဲ ရှာတွေ့လိုက်ပါတယ်။

ဒီတစ်ခေါက် လာတာကတော့ အလျင်စလို ဖြစ်မိတာကြောင့် မကြာသင့်ပဲ တော်တော်ကြာသွားပါတယ်။ low insulation ကျတဲ့နေရာရှာဖို့ ထုံးစံအတိုင်း 24VDC panel ထဲက Auto Telephone System, PA system တို့လို့ power ခန ဖြတ်လည်း ပြဿနာမရှိနိုင်တဲ့ ဟာတွေ အရင် ဖြုတ်ချပါတယ် ။

ဘာမှ မထူးတော့ သင်္ဘောလည်း ကျောက်ချထားတာ ဖြစ်လို့ Navigation Equipment တွေနဲ့ CCR console ကို ဖြုတ်ချပါတယ်။ ဘာမှ ထူးမလာပါဘူး။

အဲ့လို ဖြုတ်ရင်းနဲ့ နောက်ဆုံးကျန်တာ ECR console ပဲ ကျန်ပါတယ် ။ သူ့ကျ ကျွန်တော် ဒီအတိုင်း Fuse ကို ဆွဲမထုတ်ရဲပါဘူး။ ECR console ဆီသွား ၊ အဲ့ကနေပဲ Fuse တစ်ခုချင်းစီ ဖြုတ်ကြည့်ဖို့ လုပ်ရပါတယ်။

2E ကို bridge က 24 VDC panel က insulation meter ကို စောင့်ကြည့်ဖို့ပြောပြီး ကျွန်တော်က ECR console က fuse တွေ တစ်ခုချင်း လိုက်ဖြုတ်ပါတယ်။No.3 Main Cooling Seawater Pump ရဲ့ Remote Control panel က ECR က power လာတာမို့လို့ sea water pump အရင်ပြောင်းမောင်းရပါတယ် ။ Generator တွေရဲ့ terminal box တွေနဲ့ MSB တွေကလည်း ECR console ကနေ power ယူထားတာမို့လို့ Generator တွေကို Manual mode ပြောင်း၊ Running Generator ရဲ့ Terminal box ကလွဲလို့ ကျန်တဲ့ Fuse တွေ တစ်ခုချင်းစီ ဖြုတ်လိုက်၊ 2E ကို radio ကနေ Results လှမ်းမေးလိုက်နဲ့ ၊ ပြန်တပ်လိုက်နဲ့ ဘာမှ ထူးမလာပါဘူး။ Generator ပြောင်းမောင်းပြီး မဖြုတ်ရသေးတဲ့ fuse တွေ ထပ်ဖြုတ်လည်း မထူးပါဘူး။

Low Insulation ရှာရတာလည်း ရွှေပျောက်လို့ လူတိုင်းကို သူခိုးလို့ သံသယ ဝင်သလိုပါပဲ။ Drawing ကောက်ဖတ်ကြည့်လို့ မြင်သမျှဟာ ကျွန်တော့်အတွက် သံသယဝင်စရာတွေချည်း ဖြစ်နေပါတယ်။

နောက်ဆုံး ရှာမတွေ့တော့ panel ထဲကလား ၊ insulation meter ကများလည်း စမ်းကြည့်ပါသေးတယ်။ Earth Lamp ကပါ low ပြနေတော့ meter အမှားလည်းမဟုတ်ပါဘူး။ Main Power နဲ့ Battery Power တစ်လှည့်စီ လိုက်ပိတ်ကြည့်လဲ မထူးပါဘူး။

နောက်ဆုံး လုပ်စရာ များများစားစားမကျန်တော့ Running Generator ရဲ့ 24VDC source ကလွဲပြီး ကျန်တာ အကုန် ဖြုတ်ချဖို့ လုပ်ပါတယ်။ အဲ့လို လုပ်ဖို့ ECR console မှာ ဖြုတ်လို့ရသမျှအကုန် ဖြုတ်ပြီး 24VDC panel ကနေ ဖြုတ်စရာဖြုတ်ဖို့လုပ်တော့ insulation က normal အတိုင်း ဖြစ်နေတာ ဝမ်းသာစရာတွေ့ရပါတယ်။

စောစောက 2E က စောင့်ကြည့်ပြီး ECR ကနေ ကျွန်တော် fuse တွေ လိုက်ဖြုတ်တုန်းက သူပဲ အကြည့်မှားတာလား၊ ကျွန်တော်ပဲ fuse ဖြုတ် ပြန်တပ် တာ မြန်သွားလို့လားတော့ မသိပါဘူး။ အဲ့တုန်းက ရှာမတွေ့တာ ခုမှ တွေ့ပါတယ်။ Fuse တွေ တစ်ခုချင်းစီး ပြန်တပ်တော့ ရပ်ထားတဲ့ Generator No. 2 က လာတာ ဖြစ်နေပါတယ်။

24VDC panel က 24V supply က No.2 Generator ရဲ့ Main Interface PCB ထဲ ဝင်တာပါ။ သူကနေ Speed Monitoring Unit ၊ A/D unit စတာတွေကို ထပ်သွားတာပါ။ Speed Monitoring Uni A/D unit တို့ကို ဖြုတ်ချပြီး သူ့ချည်း သပ်သပ် ထားတော့လည်း ground ကျနေတာတွေ့ရတော့ Main Interface PCB က low insulation ဖြစ်နေတာတွေ့တယ်လို့ CE ကိုပြောလိုက်ပါတယ်။

သူရော၊ ကျွန်တော်ရော အပျော်တွေ လွန်ပြီး report ရေး spare မှာဖို့ လုပ်နေတုန်း အဲ့ကတ်ကနေ Sensor တွေ Switch တွေပါ ထပ်သွားထားတာ သတိရမိပါတယ်။ သဘောက sensor တွေဖက်က ground ကျနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ CE ကို အချိန်ခနထပ်ပေးဖို့ ပြောပြီး Sesnor တွေ တစ်ခုချင်းစီဖြုတ် Ground နဲ့ Resistance တွေ လိုက်တိုင်းတော့ Lube oil sump tank ရဲ့ Level Switch က ground ကျနေတာတွေ့ရပါတယ်။

အဖြေရှာတွေ့လို့ အပျော်လွန်ပြီး ဆက်မလိုက်ရင် ၊ နည်းနည်းသာ deep down ဆက်မနှိုက်ရင် PCB ကတ်သာ အသစ်မှာ လိုက်ရင်တော့ အလွဲကြီး လွဲမှာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီဟာ မဖြစ်ခင် cadet တုန်းက အတူစီးခဲ့တဲ့ ဖိလစ်ပိုင် EO ကြီးနဲ့ စကား ပြောဖြစ်ပါသေးတယ်။ သူ နဲ့ ကျွန်တော် ၂၂၀ low insulation ရှာရင်း ကျွန်တော်လက်ကမြင်းလို့ 220 V AC balckout ဖြစ်သွားတာ ပြန်ပြောင်းပြောရင်း အလျင်စလို စ မဆုံးဖြတ်ဖို့ သတိထပ်ပေးပါတယ်။

ခုနက ground ကျနေတဲ့ sensor ကို ဆက်ရရင် sensor အထဲက reed switch cable ground ကျနေတာထင်ပါတယ် ။ ဖွင့်ကြည့်ဖို့ အချ်ိန် မရတော့တာမို့ ဖွင့်မကြည့်တော့ပါဘူး။

စိတ်ညစ်စရာတွေ များတဲ့ ဒီကာလမှာ စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်ကြုံရတာ ချရေးတာရယ်၊ အတွေ့အကြုံ များတဲ့ ဆရာတွေ၊ ညီအစ်ကိုတွေ ဆီကနေ ကိုယ်မသိသေးတာ သိရတာရယ်ကြောင့် ၊ လိုတာရှိရင် ဖြည့်စွက်ထောက်ပြ ပေးကြပါခင်မျ။

Kyaw Soe Aung

30 December 2022, Castellon, Spain

Leave a comment

About me

Hello! I’m an ETO from Myanmar, currently working on LNG tankers. Welcome to ETO Insights, a place where I share my ongoing learning experiences and observations about marine electrical systems.

In my work on oil products, chemical, and gas tankers, I’ve faced many technical challenges and learned a lot along the way. I don’t consider myself an expert—there’s always room to grow—but I hope that by sharing what I’ve experienced, I can help other ETOs, marine engineers, and anyone interested in marine electrical systems.

My goal with ETO Insights is to provide practical information, lessons, and tips that may support safer and more efficient marine operations. I hope these insights are useful, and I also welcome your questions, feedback, and shared experiences—because I’m still learning, just like you.

Thank you for visiting, and I hope you find the content helpful and engaging!

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.