Logged by an ETO

ETO Insights

ACB UVT controller ကဘာလဲ၊ ပျက်ရင် ဘာလုပ်မလဲ?

ကျွန်တော် ACB တွေ ON မရတာ ၊ OFF မရတာ သုံးလေးကြိမ်လောက် ကြုံဖူးပါတယ်။ အဲ့လိုကြုံရတဲ့အထဲမှာ closing coil ပျက်လို့ ACB ON မရတာ တစ်ခါပဲ ရှိပြီး ကျန်တာက UVT controller ကြောင့်ပါ။

သူ့အကြောင်း မသွားခင် ACB အကြောင်း ကျွန်တော် သိထားသလောက် အကြမ်းဖျင်းပြောပါရစေ။ 440V system သင်္ဘောတွေပဲ စီးဖူးထားလို့ ကျွန်တော် ACB ကိုပဲ ဦးတည်ပြောပါမယ်။

ACB ကို mechanisms တွေဖယ်ပြီး electrical ဖက်ပဲ သပ်သပ်ပြောမယ်ဆိုရင် UVT coil , Shut Trip နဲ့ Closing Coil ဆိုပြီး ကျွန်တော် သုံးမျိုးခွဲ မှတ်ထားပါတယ်။ Closing Coil က ACB spring chargedဖြစ်နေချိန် Breaker ကို ပိတ်ပေးတဲ့ ကောင်ပါ။ Shunt Trip ကတော့ ACB ထဲမှာ bulit in တွဲထားတတ်တဲ့ Over current Relay နဲ့ တွဲလုပ်ပါတယ်။ Current Abnormal condition မှာ OCL က Shunt Trip ကို activate လုပ်ပြီး Breaker ကို trip ပေးတာပါ။ UVT coil က Under Voltage Condition ကို ကာကွယ်ဖို့ပါ။ သတ်မှတ် Voltage မရောက်ခင် Breaker မပိတ်နိုင်အောင်၊ သတ်မှတ် Voltage အောက်ရောက်ရင် Breaker ဖြုတ်အောင် လုပ်ပေးတာပါ။ အဲ့ UVT coil ကို UVT controller က ထိန်းပါတယ်။ UVT controller က Under Voltage Condition ရောက်ရင် UVT coil ကို energized လုပ်ပါတယ်။

တကယ်လို့ Breaker ကို Power Management System က ဖြုတ်တာပဲ ဖြစ်ဖြစ် ၊ လူက Manually off တာပဲ ဖြစ် ဖြစ် လုပ်ရင် UVT controller ကို Signal သွားပေးပါတယ်။ အဲ့ကနေ သူက UVT coil ကို power ဖြတ်တောက်ပြီး Breaker ကို open လုပ်ပေးတာပါ။

UVT controller က ACB Body ဘေးမှာ တွဲပြီး ရှိတတ်သလို၊ သပ်သပ်ထားတာလည်းရှိပါတယ်။ Makerပေါ် မူတည်ပြီး ကွဲပြားမှု အနည်းငယ် ရှိ‌နိုင်ပေမယ့် အများအားဖြင့် ဒီသဘောပဲ ဆိုတာ ကျွန်တော် မှတ်ထားမိပါတယ်။

UVT controller ဘာတွေ ပျက်တတ်သလဲ?

UVT controller က ပျက်တတ်တာ နှစ်ခုရှိပါတယ်။ UVT coil power supply မပေးနိုင်တာနဲ့ အမြဲတမ်းပေးနေတာပါ။

UVT coil ကို power supply မပေးနိုင်ရင် ACB ကို ပေးတင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ACB တင်မရဘူးဆိုရင် rated voltage ရှိမရှိ rated frequency ရှိမရှိ စစ်ပြီးရင် UVT controller ရဲ့ input output voltage တွေ စစ်သင့်ပါတယ်။ UVT controller input က 440V AC ရှိသလို 220VACလည်း ရှိတာမို့ အသစ်လဲရင် သတိထားသင့်ပါတယ်။ သူ့ရဲ့ output က UVT coil ကို သွားတာ ဖြစ်ပြီး DC voltage ပါ။ အဝင် ဗို့ ရှိတယ် ၊ အထွက်မရှိဘူးဆိုရင် UVT controller ပျက်တာ သေချာပြီး ACB draw out ဘာညာ လုပ်စရာမလိုဘဲ အဖြေအလွယ်တကူရှာတွေ့နိုင်ပါတယ်။

နောက်ပျက်တာတစ်မျိုးက ACB off မရတာပါ။

တကယ်လို့ De synchronizing လုပ်တယ်၊ ACB off မရဘူးဆိုရင် Generator load ကို အနည်းဆုံးထိ လျော့ချပြီး ACB ပေါ်က OFF push button ကို နှိပ်ပြီး OFF ရပါမယ်။ ပြီးရင် UVT controller ကို ဖြုတ်ပြီး rated voltage စမ်းပေးကြည့်ပြီးကောင်းမကောင်း စစ်နိုင်ပါတယ်။ Rated voltage ပေးထားတယ် coil supply လည်း output ထွက်တယ် ဆိုရင် Trip contact (NO) ကို short လုပ်ပြီး coil sippyဆက်ထွက်မထွက် စစ်ရပါမယ်။ short /closed လုပ်တဲ့အခါ coil supply က ဆက်ထွက်နေသေးတယ်ဆိုရင် UVT controller ပျက်တာပါ။ သဘောက PMS က ဖြုတ်ချ ခိုင်းတာတောင် UVT coil က power ဆက်ရနေသေးတဲ့အတွက် ACB က ဆက် ONနေသေးတာပါ။

UVT controller ပျက်ရင်ဘာလုပ်မလဲ?.

UVT controller က အပေါ်က ပြောခဲ့သလို အရေးကြီးတာမို့ သင်္ဘောတော်တော်များများမှာ spare ရှိတတ်သလို critical spare list ထဲလည်း ထည့်ထားတတ်ပါတယ်။

သင်္ဘောပေါ်ရောက်တိုင်း ရှိမရှိ စစ်ထားပြီး မရှိရင် မှာထားသင့်ပါတယ်။

တကယ်လို့ spare မရှိခဲ့ရင် modify လုပ်လို့ရပါတယ်။ ပုံမှာကျွန်တော့် သင်္ဘောမှာ ACB OFF မရတုန်းက modify လုပ်ခဲ့တဲ့ Circuit လေးပါ။ ACB open signal ရတဲ့အချိန် Relay တစ်လုံးကို energized ဖြစ်ခိုင်းပြီး သူ့ရဲ့ NC contact ကနေ UVT coil supply ကို ဖြတ်ခိုင်းတာပါ။ တစ်ခု သတိထားရမှာက Company ပေါ်မူတည်လို့ တချို့က ဒီအတိုင်း modify လုပ်နိုင်သလို တချို့ကလည်း စက်ချုပ်ကတဆင့် ရုံးကို အသိပေးထားရပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း email ကဆင့် စက်ချုပ်ကို ပုံပို့အသိပေးပါတယ်။ သူကဆင့် ရုံးကနေ confirmation လှမ်းတောင်းတာပါ။

ပုံတွေကို ကြည့်ရင် ပိုနားလည် လွယ်ပါလိမ့်မယ်။

U1 U2 က supply/input voltage ပါ ။ C1 C2 က UVT coil ကိုသွားပါတယ်။ T1 T2 က NO contact ဖြစ်ပြီး ACB open signal ရတဲ့အချိန် closed ဖြစ်မှာပါ။
MODIFICATION လုပ်ခဲ့တဲ့ Circuit ပါ။

Kyaw Soe Aung

May 25, 2022, Atlantic Ocean

Leave a comment

About me

🔧 Marine Electrical & ETO Specialist | 10+ Years Experience | Lifelong Learner | Maritime Technology Enthusiast

I’m an experienced Electro-Technical Officer (ETO) with over a decade of hands-on work in the marine electrical field, primarily on tankers. From troubleshooting complex systems to ensuring electrical safety and operational reliability, I bring a practical, safety-first approach to every challenge onboard.

I’m passionate about marine technology, professional growth, and sharing real-life insights from my career through my blog: etoinsights.com.

Outside of work, I’m a proud new dad, and a believer in continuous learning — both at sea and on land.

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.