မကြာခဏ မောင်းလိုက် ရပ်လိုက် လုပ်တတ်တဲ့ မော်တာတွေရဲ့ magnetic contactor တွေကို ပုံမှန် routine တစ်ခုအနေနဲ့ clean and inspect လုပ်သင့်ပါတယ်။
Contactor on and off လုပ်တဲ့ အချိန် arc ကြောင့် contact တွေ welded ဖြစ်သွားရင် motor ဟာ single phaseing ဖြစ်နိုင်ပြီး ဆုံးရှုံးမှု များနိုင်ပါတယ်။
Single phasingဖြစ်တဲ့အခါ မော်တာဟာ သတ်မှတ် power ရဖို့ connectဖြစ်နေတဲ့ phase တွေကနေ currentကိုပိုဆွဲတဲ့ အတွက် overheat ဖြစ်လာပါမယ်။
ဒီနေရာမှာ Electric wire ပြတ်တောက်လို့ ဖြစ်ဖြစ် terminal losse ကြောင့် ဖြစ် ဖြစ် single phaseing ဖြစ်ခဲ့ရင် over current relayက သိနိုင်ပြီး Magnetic Contactor/MC ရဲ့ coil supply voltageကို ဖြတ်ချ ပြီး motor power ကို disconnectလုပ် ကာကွယ်ပေးနိုင်ပါတယ်။
MC contact တွေသာ ပုံမှာ ပြထားသလို arcing ကြောင့် weldedဖြစ်သွားရင်တော့ over current relayက ကာကွယ်မပေးနိုင်ဘူး။ MC ပြန်ကွာရမယ့်အချိန်မှာ welded ဖြစ်နေတဲ့ contactက ကပ်နေမယ်။ ကျန် contactက တော့ ကွာမယ်။ အဲ့မှာ motor single phaseingဖြစ်ပြီး contact closed ဖြစ်နေတဲ့ motor coil က currentတွေ ပုံမှန်ထက် ပိုဆွဲမယ်။ အဲဒါကို OCL က သိရင်တောင် MC ရဲ့ contactက weldedဖြစ်နေတာမို့ MC energizedဖြစ်ဖြစ် deenergized ဖြစ်ဖြစ် single phaseingက ဆက်ဖြစ်နေမှာပါ။ အဲ့အချိန် အားကိုးစရာက Main Breakerပဲ ကျန်ပါတော့မယ်။
Breaker ကလည်း trip curveအရ single phaseingစစချင်း circuitကို trip မလုပ်နိုင်ဘဲ အချိန်တစ်ခု ကြာဦးမှာပါ။ နောက်ဆုံး motor ရဲ့ coil တွေ currentတွေ အများကြီးဆွဲလို့ ပူလာ၊ insulationတွေ ပျက်စီး ၊ coil to coil short circuitဖြစ်မှ breaker trip ချက်ချင်း ထ ဖြစ်ပါလိမ့်မယ်။ အဲ့အချိန်တော့ မော်တာ လောင်ပြီးပြီမို့ ဘာမှ တားဆီးချိန် မရတော့ပါဘူး။
ထိပ်က မေးခွန်းက ပြန်စ ရ ရင် MC ရဲ့ contactတွေဟာ arcing ကြောင့် contact surfacesတွေမှာ အပေါက်ကလေးတွေ နဲ့ မညီမညာ ဖြစ်တတ်ပါတယ်။ အဲ့လို မညီမညာနဲ့ ကြာလာတော့ arc weldingလို ဖြစ်ပြီး contactတွေ ကပ်သွားနိုင်ပါတယ်။ ဒါကြောင့် contactတွေကို ပုံမှန် သန့်ရှင်းလုပ် စစ်ဆေးဖို့ လိုပါတယ်။ မညီမညာ ဖြစ်နေရင် fine sandpaperနဲ့ ဖြည်းဖြည်းလေး ပွတ်လို့ရပါတယ်။
ပုံက MC ကတော့ ကျွန်တော့် သင်္ဘောက Main Air Compressorက ဟာပါ။ ပထမ low insulation alarmလာတယ်။ အဲ့အချိန် deck ပေါ်ရောက်နေတဲ့ ကျွန်တော် စက်ခန်း ပြန်ဆင်းချိန်မှာပဲ motor က လောင်ပြီးသွားပါပြီ။ လေးမိနစ်လောက်ပဲကြာပါတယ်။
အသေးအမွှား Maintenanceလေးကနေ ဒီလို ပြဿနာကြီးကြီးတွေကို ကာကွယ်နိုင်ကြောင်းပါ။

Kyaw Soe Aung
May 25, 2022. New York, USA
Leave a comment