Logged by an ETO

ETO Insights

VECS နဲ့ Oxygen and Pressure Monitoring

VECS ဆိုတာ Vapor Emission Control System ကို အတိုကောက် ခေါ်တာပါ။ Tanker သင်္ဘော တွေရဲ့ cargo tank တွေထဲ Volatile Organic Compound က ထွက်လာတဲ့ Vapour တွေရှိမယ်၊ ဒါမှမဟုတ် Inerting အနေနဲ့ သုံးတဲ့ Gas တွေရှိမယ်၊ Loading လုပ်ရင် cargo တွေ Tank ထဲ ဝင်လာရင် အဲ့ Gas တွေက Mast Riser ဒါမှမဟုတ် P/V valve တွေက တဆင့် လေထုထဲ ထွက်မယ်၊ အဲ့ဖြစ်စဉ်ကို VOC emission လို့ခေါ်ပါတယ်။ အဲ့ Emission ဆိပ်ကမ်းနဲ့ ဆိပ်ကမ်း ပတ်ဝန်းကျင် ကို ထိခိုက်မယ်၊ အက်ဆစ်မိုးတွေ ဖြစ်နိုင်တယ်၊ အဲ့လို မဖြစ်စေဖို့အတွက် Gas တွေကို လေထဲ မစွန့်ထုတ်ဘဲ ဆိပ်ကမ်းဖက် recovery ပြန်လုပ်ဖို့ pipe line တွေကနေတဆင့် ပို့ပေးတယ်၊ ဆိပ်ကမ်းက အဲ့ Gas / vapour တွေကို ပြန် ပြီး recycle လုပ်ရင် လုပ် ၊ ဒါမှမဟုတ် ဖျက်ဆီးပစ်တယ်။ အဲ့လို အဆင့်ဆင့် လုပ်ဆောင်ရတဲ့ Procedure တွေ Arrangement တွေကို Vapor Emission Control System လို့ ခေါ်တယ်လို့ အကြမ်းဖြင်း ပြောလို့ရပါတယ်။

တကယ်တော့ VECS နဲ့ပတ်သက်ပြီး MARPOL , USCG, Classification Societies, OCIMF စတာတွေက သတ်မှတ်ထားတွေ ဘာတွေနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး Arrangement တွေ Procedure အတွက် သင်္ဘော မှာ လည်း VOC Management Plan ဆိုပြီး ရှိပါတယ်။ PV valve setting တွေ၊ Pressure sensor alarm set point တွေ၊ High level နဲ့ Overfill Alarm requirement စတာတွေဟာ VECS regulation နဲ့ ဆက်စပ်နေပါတယ်။

ETO တစ်ယောက်အနေနဲ့ အဲ့ Regulation တွေနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမဲ့ ဒီ စနစ်မှာ သုံးတဲ့ Sensor တွေနဲ့ သူတို့ အလုပ် လုပ်မလုပ်တော့ သေချာ အောင် လုပ်ထားဖို့ သိထားဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်ဗျ။ ခု အဲ့ sensor တွေထဲကမှ Vapor Return Line က Oxygen, Flow နဲ့ Pressure sensor အကြောင်း ပြောချင်တာပါ။

Vapour Return Line ထဲ Flammable gas တွေ ပါနိုင်တဲ့အတွက် Oxygen ပါဝင်မှုကို စောင့်ကြည့်ဖို့ Oxygen sensor ကို တပ်ဆင်ထားတာပါ။ ပုံမှန်တွေ့နေကျ အမျိုးအစားက Crowcow electrochemical sensor ပါ။ Maker ကတော့ သူ့ရဲ့ သက်တမ်းကို နှစ် နှစ် သတ်မှတ်ထားပါတယ်။ Sensor ကလည်း အလွယ်တကူ ဖြုတ်တပ်လဲ လို့ရပါတယ်။ zero/span potentiometer နဲ့ အလွယ်တကူ Calibrate လုပ်လို့ရပါတယ်။

Electrochemical type oxygen sensor ပါ။
Potentiometer နဲ့ zero span အလွယ်တကူ calibration လုပ်လို့ရပါတယ်။
CCR ထဲမှာ panel တစ်ခုရှိပြီး Oxygen content နဲ့ pressure sensor ရှိခဲ့ရင် pressure ကို စောင့်ကြည့်လို့ရပါတယ်။

Flow meter မှာ Magnetic switch လေးတပ်ထားပြီး တကယ်လို့ sensor ဆီ Gas flow မရှိတဲ့အခါ Non Flow ဆိုပြီး Alarm ပေးပါတယ်။

Vapour Return Line ချိတ်တဲ့အခါ ဆိပ်ကမ်းရဲ့ Vapour space နဲ့ သင်္ဘောရဲ့ Vapor space ဟာ equilibrium ဖြစ်နေဖို့လိုပါတယ်။ Loading မှာ အကြောင်းတစ်ခုခုကြောင့် သင်္ဘောရဲ့ vapor က Terminal ဖက် မသွားဘူးဆိုရင် cargo tank တွေရဲ့ Pressure မြင့်တက်လာပြီး PV valve ကတဆင့် VOC emission ဖြစ်နိုင်ပါတယ်။ တကယ်လို့ Discharging မှာ Vapour Return လိုင်း ချိတ်ထားရင်လည်း အကြောင်းတစ်ခုခုကြောင့် terminal ဖက် Vapor သင်္ဘော ဆီပြန်မလာရင် cargo tank ရဲ့ Pressure တွေ ကျနိုင်ပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့ Pressure sensor တွေ တပ်ထားပြီး စောင့်ကြည့်နိုင် ပါတယ်။

Crude oil Tanker လိုမျိုး Vapour line တစ် လိုင်းတည်းကို Tank တွေမျှ သုံးရင် Vapour line minifold ရဲ့ Pressure ကို စောင့်ကြည့်ဖို့ Pressure sensor တပ်ထားဖို့ လိုပေမယ့် Parcel tank တွေ ဥပမာ Chemical tanker လို မျိုး vapor line တွေကို one line one tank သုံးထားရင် Vapor manifold မှာ Pressure sensor တပ်ထားဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ One line one tank ဖြစ်တဲ့အတွက် Tank တွေမှာ ကိုယ်စီတပ်ထားပြီးဖြစ်တဲ့ IG pressure sensor ရှိနေပြီးသားအတွက်ပါ။ loading /discharging နဲ့ regulation တွေပေါ်မူတည်လို့ pressure sensor ရဲ့ alarm set point တွေကို ချိန်လေ့ရှိပါတယ်။

VECS ဟာ Terminal requirement ပေါ်မူတည်လို့ Vapour line ချိတ်တာ တွေ့ဖူးပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် စီးခဲ့တဲ့ သင်္ဘော တွေက VECS ရဲ့ Oxygen pressure monitoring panel ကို ပိတ်ထားတာများပါတယ်။ Inspection ဝင်ခါနီးတို့ USCG လာမှာတို့ ကျမှ CO က ဖွင့်တာ၊ အလုပ်လုပ်မလုပ်စစ်တာ အများအားဖြင့် တွေ့ဖူးပါတယ်။

မဖွင့်တာ မသုံးတာကြာလေ့ရှိတဲ့ panel မို့ သင်္ဘောတိုင်းလိုလို ဒီလို အခြေအနေနဲ့ ပါ။

အပေါ်ကပြောခဲ့သလို ဒီဟာတွေဟာ ကျွန်တော်တို့ ETO တွေနဲ့ တိုက်ရိုက်မဆိုင်ဘူး ပြောလို့ရပေမယ့် လိုအပ်တဲ့အချိန် system operate လုပ်တဲ့အခါ sensor မကောင်းတာ ၊ Flow switch မကောင်းတာတွေ ဖြစ်လာရင် အမောင်ဓာတ်ကြိုး နင်ချည်းပင်ခံပေလော့ ဖြစ်နိုင်တာမို့ ကိုယ့်တာကိုယ်လုံအောင် စစ်သင့်တာစစ်၊ spare မှာထားသင့်တာ မှာ ဖို့ လိုအပ်ကြောင်းပါ။

System overview လေးပါ။ Chemical Tanker one line one tank စနစ်နဲ့ vapor လိုင်းတွေကို တပ်ဆင်ထားတာမို့ vapor minifold မှာ သီးသန့် Pressure sensor မတပ်ထားပါဘူး။

Leave a comment

About me

Hello! I’m an ETO from Myanmar, currently working on LNG tankers. Welcome to ETO Insights, a place where I share my ongoing learning experiences and observations about marine electrical systems.

In my work on oil products, chemical, and gas tankers, I’ve faced many technical challenges and learned a lot along the way. I don’t consider myself an expert—there’s always room to grow—but I hope that by sharing what I’ve experienced, I can help other ETOs, marine engineers, and anyone interested in marine electrical systems.

My goal with ETO Insights is to provide practical information, lessons, and tips that may support safer and more efficient marine operations. I hope these insights are useful, and I also welcome your questions, feedback, and shared experiences—because I’m still learning, just like you.

Thank you for visiting, and I hope you find the content helpful and engaging!

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.