Logged by an ETO

ETO Insights

System Overview of Rolls-Royce Vane Type Steering Gear

Hydraulic System

ရေကြောင်းလျှပ်စစ် အခြေခံစုစည်းမှု Group က Guide 41 Electro-hydraulic (Steering Gear) ရယ်၊ ဆရာ ဦးကျော်မြင့်နိုင် ရဲ့ လက်ချာနုတ်တွေရယ် ပြန်ဖတ်ရင်း ခု သင်္ဘောက Steering Gear အကြောင်း ကို လိုက်လေ့လာ ဖြစ်ပါတယ်။ ထဲထဲဝင်ဝင် မလုပ်ဖူးဘဲ Only basic knowledge ပဲ မို့လို့ လိုအပ်ချက်တွေ၊ ကြုံခဲ့ဖူးတာတွေ ရှိရင် မျှဝေပေးဖို့ ကြိုမေတ္တာခံပါရစေ။

ဒီ သင်္ဘောက Steering Gear က Rotary Vein type ဖြစ်ပါတယ်။ သူက Steering Rotor ရဲ့ Vane တွေကြားထဲ Hydraulic Pressure နဲ့ Rotation Torque ယူပြီး Steering Gear ကို လှည့်ပေးတာပါ။ Port 35 degree ကနေ Stbd 35 degree ထိ လှည့်လို့ရပြီး သူ့ရဲ့ Housing မှာ Mechanical Stoppers တွေ နဲ့ over turning မဖြစ်အောင် ကာကွယ်ပေးထားပါတယ်။ Electrical ဖက်ကတော့ ထုံးစံအတိုင်း Limit Switches တွေနဲ့ ကာကွယ်ထားပါတယ်။

(1) က Rotary Vane ဖြစ်ပြီးတော့ (2) က Rotar Housing မှာ ထိုင်ထားတဲ့ Mechanical stoppers တွေ ဖြစ်ပါတယ်။

လိုအပ်တဲ့ Hydraulic power တွေ ရရှိဖို့အတွက် Hydraulic pump နှစ်လုံးပါရှိပါတယ်။ ထုံးစံအတိုင်း Pump တစ်လုံးက Emergency Switchboard ကနေ ပါဝါယူထားပါတယ်။ Oil Tank ကတော့ Compartment သုံးခု ခွဲထားပြီး Pump တစ်ခုစီအတွက် Compartment တစ်ခု စီခွဲထားပါတယ်။ ကျန်တစ်ခုကတော့ Storage Tank အနေ နဲ့ သုံးပါတယ်။ Hydraulic pump တွေအတွက် Tank တွေ မှာ Low Level Switch တစ်ခုစီ တပ်ဆင်ထားပါတယ်။ Ram Type နဲ့ မတူတဲ့အချက်က Vane Type မှာ Automatic Isolation valve တွေ မပါရှိပါဘူး။ Oil Return လိုင်းမှာ Filter တစ်ခု ရှိပြီး Filter ပိတ်မပိတ်ကို စောင့်ကြည့်ဖို့ Differential Pressure Switch တစ်ခု ရှိပါတယ်။ Filter ပိတ်လို့ Over pressure ဖြစ်လာခဲ့ရင် Bypass လုပ်ဖို့အတွက် Spring Loaded check valve တစ်ခုကို Filter bypass လိုင်းမှာ တပ်ဆင်ထားပါတယ်။

Control Valve Assembly

Control valve assembly မှာ Main Directional Control Valve, Relief valve system နဲ့ Lock Valve ဆိုပြီး အကြမ်းဖြင်း ပါဝင်ပါတယ်။

Main Directional control valve က Electrical Solenoid Drive ဖြစ်ပါတယ်။ Emergency Operation မှာ သက်ဆိုင်ရာ Solenoidတွေကို ဖိပြီး Steering Gear ကို Manual ထိန်းချုပ်လို့ရပါတယ်။ ဒီ Directional valve က Open Center ဖြစ်တဲ့အတွက် ဘာ Command မှာ မရချိန်မှာ Oil supply နဲ့ Return က တိုက်ရိုက် ချိတ်ထားသလို ဖြစ်ပြီး Pump ကို Unloading လုပ်ပေးသလို ဖြစ်နေမှာပါ။

Lock vale ကလည်း Directional control valve တစ်ခုပဲ ဖြစ်ပြီး သူက ပုံမှန်အချိန်မှာ Spring အားနဲ့ Centre position ရှိနေမှာပါ။ Main Directional Control Valve က လာတဲ့ Oil Pressure နဲ့ သူ့ကို မောင်းတာပါ။ အဲ့လို မောင်းပြီး သူရဲ့ Spool ရွေ့မရွေ့ကို Proximity sensor နှစ်ခုနဲ့ တစ်ဖက်တစ်ခု စီ စောင့်ကြည့်ထားပါတယ်။ တကယ်လို့ Steering Gear Command အတိုင်း Main Directional Control Valve ရဲ့ Solenoid activate မဖြစ်ရင် ဒါမှမဟုတ် valve failure ကြောင့် Command အတိုင်း လိုက်မရွေ့ဘူးဆိုရင် Lock Valve ကလည်း လိုက်ပွင့်မှာ မဟုတ်ပါဘူး။ အဲ့ဒီအချိန် Proximity sensorကတဆင့် Lock valve ရဲ့ Spool မရွေ့တာ၊ လိုချင်တဲ့နေရာ မှာ ရှိမနေတာ သိပြီး သတ်မှတ် အချိန်တစ်ခုကျော်ရင် Hydraulic Lock alarm ပေးမှာပါ။

Lock Valve ရဲ့ Center Position က Regenerative Valve Position လို ဖြစ်နေတာ သတိထားမိပါတယ်။ ပုံမှန် ဒီလို Valve position မျိုးကို Hydraulic cylinder တွေ Extension လုပ်တဲ့အခါ ပုံမှန်ထက် မြန်အောင် Return oil တွေကို Tank ထဲ ပြန်မလာစေတော့ဘဲ Supply Line ထဲ တန်းထည့်တာမျိုးမှာ ကျွန်တော် မြင်ဖူးပါတယ်။

ဒီနေရာမှာတော့ အဲ့သဘောမျိုး သုံးတယ်လို့တော့ မထင်မိပါဘူး။ Steering Gear ကို ငြိမ်နေအောင် ၊ သတ်မှတ် Position တစ်ခုကနေ ရွေ့မသွားအောင် ထိန်းဖို့အတွက် ထားတယ်လို့ပဲ ထင်ပါတယ်။

Relief Valve System မှာ Relief valve နှစ်ခု ပါဝင်ပါတယ်။ တစ်ခု က By pass valve အနေနဲ့ပါ အလုပ်လုပ်ပါတယ်။ ပုံမှန် Relief valve တွေမှာ Valve ပွင့်ဖို့ Spring အားကို Pilot pressure က တွန်းနိုင်ရမှာ ဖြစ်ပါတယ်။ Bypass valve မှာ Spring အပြင် Main Pressure ကိုပါ ထပ်တပ်ထားပါတယ်။ Steering စလှည့်ဖို့ Vane တွေကို စတွန်းချိန်၊ Lock valve နဲ့ Main Directional Control Valve တွေ အပြည့် မပွင့်သေးချိန်မှာ Bypass Valve က ခန ပွင့်နေမှာ ဖြစ်ပြီး Rotor Vane တွေကို ဖြည်းဖြည်းချင်း စရွေ့စေဖို့ cushionသဘောမျိုးလုပ်ဆောင်ပေးပါတယ်။

Control Valve Assembly က နေ Rudder Vane Compartment ထဲ မဝင်ခင်မှာ Pilot operated check valve နှစ်ခု ခံထားပါတယ်။ အဲဒီ Check Valve နှစ်ခုမှာ တစ်ခုက Oil Inlet အနေနဲ့ ရှိနေရင် နောက်တစ်ခု Oil outlet အနေ နဲ့ ရှိနေမှာပါ။

ခု အပေါ််ကပုံကတော့ Solenoid valve တွေ Energized မ ဖြစ်တဲ့ အခြေအနေ Neutral Position ကို ကျွန်တော် Trace လိုက်ထားတာပါ။ Supply oil တွေကဟာ P ကနေ ဝင်လာပြီး Main Directional Control valve နဲ့ Lock Valve တို့ဆီ ရောက်လာပါ။ Main Directional valve က Solenoidတွေ Energized မဖြစ်တဲ့အတွက် Center Position ရှိနေမှာ ဖြစ်သလို Lock valve ကလည်း Spring အားနဲ့ Center position မှာ ရှိပါမယ်။

Main Directional Valve က open centre ဖြစ်တဲ့အတွက် သူ့ဆီ ဝင်လာတဲ့ Inlet oil တွေဟာ Return လိုင်းဖက်ကိုပါ သွားပါမယ်။ ပြီးတော့ Rudder housing inlet ဖက်က Check valve တွေ ဆီလဲ သွားပါမယ်။ Lock valve က လည်း Regenerative valve centre ပုံစံမျိုး ဖြစ်ပြီး သူ့က Inlet Oil တွေကလည်း Check valve တွေ ဆီ သွားမှာပါ။ ဒီလိုနည်းနဲ့ Check valve တွေကနေ သက်ဆိုင်ရာRudder Vane Compartment တွေအပေါ် ဖိအား ညီတူညီမျှ သက်ရောက်မှာ ဖြစ်ပြီး Rudder ကို မရမ်းနေအောင်၊ သတ်မှတ် နေရာမှာ ရှိနေအောင် ထိန်းပေးထားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အစိမ်းရောင်နဲ့ ပြထားတဲ့ Line အတိုင်း Main Directional Valve ကနေတဆင့် Lock valve ရဲ့ open /close pilot line အပေါ် ဆီတွေ သွားနိုင်ပေမယ့် Return line က ပွင့်နေတာရယ်၊ Lock valve နှစ်ဖက်လုံးကို တူညီ Pressure နဲ့ သက်ရောက်နေတာရယ်ကြောင့် Spring အားကို တွန်းကန်ဖို့ လိုလောက်တဲ့ Pressure ရမှာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ 

ခု ကျွန်တော် Steering Gear ကို တစ်ဖက် ရွေ့ကြည့်ပါမယ်။ ခရမ်းရောင် နဲ့ ဝိုင်းပြထားတဲ့ Solenoid Valve ကို Command အရ 24 VDC စရောက်ပြီး Main Directional Control Valve Position ပြောင်းပါမယ်။ Pump ကလာတဲ့ Hydraulic oil (အနီရောင်လိုင်း) တွေဟာ P က နေ တဆင့် Control valve assembly ထဲ စ ဝင်ပါမယ်။ အဲ့ကနေ Main Control Valve နဲ့ Lock Valve တို့ဆီ ရောက်ပါမယ်။ Main Directional control valve မှာ Solenoid energized ဖြစ်နေ့တဲ့ ဖက်အတိုင်း ဆီတွေဟာ စီးပြီး Check valve ကနေတဆင့် Rudder vane compartment ထဲ ရောက်လာပါမယ်။
Main Directional Control Valve Outlet က တဆင့် Lock Valve Pilot လိုင်းဖက်ကို အစိမ်းရောင် ပြထားတဲ့အတိုင်း Hydraulic oil တွေ ရောက်သွားမှာဖြစ်ပြီး သူကနေ Spring အားကို တွန်းကန်ပြီးတော့ Lock valve ကို ခရမ်းရောင် ဝိုင်းပြထားတဲ့ Position ဖြစ်စေမှာပါ။ အဲ့ကနေတဆင့် Lock valve inlet က ဆီတွေကဟာ ဝင်လာပြီး Main Directional control valve က ဆီတွေနဲ့ ပေါင်းပြီး Check valve က တဆင့် Rudder vane compartment အသီးသီးဆီ ဝင်ရောက်ပြီး Rotating Torque ရလာပါမယ်။

အဲဒီကနေ တစ်ဖက် Rudder Vane အသီးသီးဆီက Hydraulic Oil တွေဟာ အပြာရောင် ခြယ်ထားတဲ့ Line အတိုင်း ပြန်စီးလာပါမယ်။ အနီရောင် supply line ဖက် က Check valve ဟာ သူ့ရဲ့ Inlet line ကနေ တစ်ဖက် Check valve ရဲ့ Pilot Line ကတဆင့် Return oil တွေ ပြန်စီးနိုင်အောင် ဖွင့်ပေးထားပါတယ်။ ဒီလိုပဲ Lock valve တစ်ဖက်က ဆီတွေဟာလဲ Main Directional valve ရဲ့ Valve က တဆင့် Return line ထဲ ပြန်လာပြီး Tank ထဲ ပြန်ဝင်လာမှာပါ။ 

ဒါကတော့ နောက် Solenoid တစ်ဖက်ကို Energized လုပ်ကြည့်ထားတာပါ။ 
Directional control valve တွေရဲ့ centre position တွေပါ။ ခု ဒီ Steering စနစ်မှာ Main Directional Control Valve က Open Center ကို သုံးထားပြီး Lock valve က Regenerative Center ကို သုံးထားပါတယ်။

Electric Control System

Hydraulic Control System ကို ထိန်းချုပ်မယ့် Electric Control System အကြောင်း ဆက်သွားပါရစေ။

အကြမ်းအားဖြင့်

(1) Control Panel

(2) Control System Unit

(3) Motor Controller

(4) Alarm Panel

(5) Feedback Unit ဆိုပြီး ခွဲကြည့် နိုင်ပါတယ်။

Control Panel

Control Panel က ထုံးစံအတိုင်း Bridge Console မှာ ရှိတာပါ။ အဲ့ကနေ Pump တွေကို မောင်းတာ ရပ်တာ လုပ်ပါတယ်။ တစ်လုံးချင်းစီ မောင်းလို့ရသလို နှစ်လုံးတွဲမောင်းလည်း ရပါတယ်။ ပုံမှန် Underway မှာ တစ်လုံးတည်းမောင်းတာ များပြီး Manoeuvring လုပ်နေချိန် High speed manoeuvrability လိုတဲ့အချိန် နှစ်လုံး မောင်းနိုင်ပါတယ်။

တချ်ို့ သင်္ဘောတွေမှာ တော့ နှစ်လုံး တပြိုင်တည်း ပေးမမောင်းဘဲ တစ်လုံးစီပဲ ပေးမောင်းခွင့် ပေးပါတယ်။ အဲဒီအကြောင်း ကျွန်တော် post တစ်ခုနဲ့ အသေးစိတ် ထပ်ရေးထားပါတယ်။

Control System Unit

Control System Unit မှာ Pump Control PCB နှစ်ခုရှိပါတယ်။ Pump တစ်ခုစီအတွက် တစ်ခု စီ ဖြစ်ပြီး သူက ခု ဒီ Steering Gear Control System ရဲ့ အဓိက အကျဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ သူက Control Panel , Motor Control Panel, Feedback Unit အကုန်လုံးက Data တွေကို CAN network နဲ့ယူထားပါတယ်။ NFU, FU နဲ့ Auto Pilot mode သုံးမျိုးလုံးက Command တွေဟာ သူ့ဆီ ရောက်ပါတယ်။ သူကနေ Motor Controller နဲ့ Solenoid control တို့ဆီ Command signal ထပ်သွားတာပါ။

Motor Controller

Motor နှစ်လုံးမှာ Main Switchboard နဲ့ ချိတ်ထားတဲ့ Motor က DOL starter နဲ့ ဖြစ်ပြီး Emergency Switchboard နဲ့ ချိတ်ထားတဲ့ အကောင်က Auto Transformer Starter နဲ့ပါ။ Emergency Generator power နဲ့ မောင်းရမယ့်အခါ Starting Load အရမ်းမများစေချင်လို့ ထင်ပါတယ်။ Motor တွေ မောင်းဖို့ ရပ်ဖို့ကို Motor Controller နဲ့ ထိန်းချုပ်ထားပါတယ်။ Motor Controller ထဲမှာ Alarm Interface Card ပါ ပါတယ်။ သူက Oil level sensor, Filter Clogged Sensor အစရှိတဲ့ Sensor က Data တွေယူပြီး Alarm Panel နဲ့ Pump Control Unit တို့ဆီ ပို့ပေးပါတယ်။

Motor Controller မှာ Remote/Local/Stop ဆိုပြီး position သုံးမျိုးရွေးလို့ရပါတယ်။ NFU, FU နဲ့ Autopilot တို့အတွက် Remote ကို ရွေးထားရပါမယ်။ Local က Steering ကို Local control လုပ်ချင်ရင် ရွေးရပြီး Local selector ရွေးလိုက်ရရင် Pump Control PCB က Bridge Command Signal တွေကို အကုန် ဖြတ်ပေးပါတယ်။ အဲ့အချိန် Alarm Panel မှာ Bridge နဲ့ ECR ကို အသိပေးဖို့ Power Failure alarm လာပါတယ်။

Motor Starting Methods တွေက ရိုးရိုးရှင်းရှင်းမို့ အသေးစိတ်မပြောဘဲ ကျော်သွားပါရစေ။

Remote Steering မှာ Bridge ကနေ Auto Pilot ကပဲ ဖြစ် ဖြစ်၊ Hand Steering ဒါမှမဟုတ် NFU joystick က ပဲ ဖြစ် ဖြစ် လာတဲ့ Command Signal ဟာ Pump Control PCB ကနေ Solenoid ဆီ တိုက်ရိုက် မသွားဘဲ Solenoid Drive PCB တစ်ခုကို ကြားခံထားပါတယ်။ ဘာလို့လဲဆို တော့ Solenoid တွေဟာ High Inductive Load ဖြစ်ပြီး relays နဲ့ Switch contacts တွေကို ထိခိုက်စေနိုင်လို့ပါ။ Solenoid drive ခံထားတဲ့အတွက် Low input current signal နဲ့ Solenoid တွေကို ထိန်းချုပ်လို့ရပါတယ်။

Solenoid Driver ရဲ့ Diagram ပါ။
အနီရောင် ပြထားတဲ့ အတိုင်း Control PCB ကနေ Solenoid Driver ဆီ Command Signal ပေးပါတယ်။ အဲ့ကနေတဆင့် သူ့ဘေးနေက Connection box ဆိုတဲ့ နေရာကနေ Solenoid valve တွေဆီ ဆက်သွားတာပါ။ Limit Switch/ Micro Switch တွေက အစိမ်းရောင် ပြထားတဲ့အတိုင်း ချိတ်ထားပါတယ်။
Pump Control PCB နှစ်ခုရှိပါတယ်။ Pump တစ်ခုစီအတွက် တစ်ခု စီ ဖြစ်ပြီး သူက ခု ဒီ Steering Gear Control System ရဲ့ အဓိက အကျဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ သူက Control Panel , Motor Control Panel, Feedback Unit အကုန်လုံးက Data တွေကို CAN network နဲ့ယူထားပါတယ်။ NFU, FU နဲ့ Auto Pilot mode သုံးမျိုးလုံးက Command တွေဟာ သူ့ဆီ ရောက်ပါတယ်။ သူကနေ Motor Controller နဲ့ Solenoid control တို့ဆီ Command signal ထပ်သွားတာပါ။
Main Switch Board နဲ့ ချိတ်ထားတဲ့ Steering Gear Pump Starter ပါ။ DOL ဖြစ်ပါတယ်။ Phase Detection Relay ကို 3 phase 440 ဝင်ထားပါတယ်။ သူကနေ Phase unbalance အခြေအနေ ကို စောင့်ကြည့်တာပါ။
Emergency Switch Board နဲ့ ချိတ်ထားတဲ့ Steering Gear motor ကတော့ Auto Transformer Staring Method ကို သုံးထားပါတယ်။

Feed Back Unit

Feedback Unit မှာ Steering Control နဲ့ Rudder Angel Indicator တို့အတွက် Feedback potentiometer နဲ့ Rudder Limit Switch တို့ ပါရှိပါတယ်။ Limit Switch တွေက Steering Gear တွေမှာ တွေ့မြင်နေကျ ပုံစံမျိုး မဟုတ်ဘဲ Cam Shaft ပေါ်မှာ ထိုင်ထားတဲ့ Micro Switch လေးတွေပါ။ Steering Gear Movement ကို Cam shaft က ချိန်းကြိုးတွေကနေ တဆင့် ယူပြီး Micro Switch လေးတွေနဲ့ ထောက်ထားတာတွေ့ရပါတယ်။ Manual book မှာတော့ Micro Switch လေးတွေနဲ့အတူ Feedback Potentiometer ထိုင်ထားတဲ့ Drawing တွေ့ရပေမယ့် ကျွန်တော် ဖွင့်ကြည့်တော့ Micro Switch သပ်သပ်ပဲ တွေ့ရပါတယ်။

Micro Switch တွေရဲ့ အနီးကပ် ပုံပါ။
Feed Back Potentiometer box တွေပါ။

Alarm Panel and Alarm Test Methods

Motor Controller မှာ ရှိတဲ့ Alarm interface card ကနေ ECR နဲ့ Bridge မှာ ရှိတဲ့ Alarm indication panel တွေဆို Alarm signal တွေကို CAN network နဲ့ ပို့ပေးပါတယ်။

သင်္ဘော လိုက်ခါစက အင်တာဗျူးတွေ ဝင်ရတိုင်း မေးတတ်တဲ့ မေးခွန်းတွေမှာ Steering Gear Alarms တွေနဲ့ စမ်းပုံစမ်းနည်းတွေ အမြဲ ပါ ပါတယ်။

ဒီစနစ်မှာ ပါတဲ့ Alarm တွေကတော့

(1) Overload

(2) Phase Failure

(3) Power Failure

(4) Power Fail Controller

(5) Low Oil Level

(6) Hydraulic Lock

(7) Clogged Filter ဆိုပြီး ရှိပါတယ်။

Low Low Oil level တော့ မပါ ပါဘူး။ တချို့ စနစ် တွေ မှာ ပါ ပါတယ်။

Steering Gear Motor နဲ့ တခြား Motor Circuit တွေ ကွာခြားချက်က တခြား Motor တွေမှာ Motor Overload ဆိုရင် motor ကို Trip ဖြစ်စေပေမယ့် Steering Gear မှာတော့ Trip ပေး မဖြစ်ပါဘူး။ Standby Pump ကိုပဲ မောင်းပေးမှာပါ။

ဒီစနစ်မှာလည်း ဘယ် Alarm မဆို Pump control PCB က Stand by pump ကို ပဲ စ မောင်း စေပြီး alarm လာတဲ့ Pump ကို Manual ရပ်ပေးမှ ရမှာပါ။

Phase Failure အတွက် Motor ရဲ့ Phase သုံးခု လုံးကို စောင့်ကြည့်နေတဲ့ Phase Detection Relay က လုပ်ဆောင်ပေးပါတယ်။ သူက Phase တွေ Unbalanceဖြစ်လာခဲ့ရင် alarm ပေးပါမယ်။ တချို့ model တွေမှာ alarm စမ်းဖို့ Test Switch ပါသလို တချို့မှာလည်း မပါ ပါဘူး။ မပါခဲ့ရင် Input Line သုံးခုထဲက တစ်ခုကို ဖြုတ် ကြည့်ပြီး စမ်းလို့ရပါတယ်။

ကြုံတုန်း ပြောရရင် Alarm တွေကို စမ်းရတဲ့ ပင်မ ရည်ရွယ်ချက််က တကယ့်အခြေအနေမှာ Sensor တွေဟာ ပေးထားတဲ့ Set point တွေ Condition တွေ အတိုင်း အလုပ် လုပ်မလုပ် သေချာစေဖို့ပါ။ ဥပမာ ကျွန်တော်တို့ အလွယ်စမ်းနေကျ AE ရဲ့ Jacket High Temperature Trip ကို ကြိုးဖြုတ်စမ်းတာ၊ ရေနွေးနဲ့ စိမ်ကြည့်တာဟာ 100% မှန်တဲ့ နည်းမဟုတ်ဘဲ တချို့သော Interviewer တွေ Oral Examiner တွေ Inspector တွေက လက်မခံပါဘူး။ Temperature Calibrator နဲ့ စမ်းတာသာ မှန်ကန်တဲ့ နည်းပါ။

ဒါပေမယ့် အခု Steering Gear မှာ Low Oil level နဲ့ Clogged Filter တွေကို တည်ဆောက်ထားပုံအရ တိတိကျကျ Calibrate/Simulate လုပ်ပြီး စမ်းကြည့်ဖို့ မလွယ်ပါဘူး။ Company requirement အရလဲ Before Departure မှာ အမြဲ စမ်းနေရတာဆိုတော့ လွယ်လွယ်ကူကူပဲ ကြိုးဖြုတ်စမ်းရပါတယ်။

Hydraulic Lock alarmက ရှေ့က Post မှာ ပြောခဲ့သလို Lock valve ရဲ့ Spool ကို Proximity sensor နဲ့ ကြည့်ပြီး စောင့်ကြည့်တာပါ။ Bridge က လာတဲ့ Steering Command အတိုင်း Main Directional Control Valve က ရွေ့မှ ဖြစ်ပြီး သူကနေတဆင့် Lock valve ကလည်း လိုက်ရွေ့ရမှာပါ။ တကယ်လို့ လိုက်မရွေ့ဘူးဆိုရင် Hydraulic Lock Alarm လာပါလိမ့်မယ်။ ဒီ Roll Royce မှာတော့ ဒီ Alarm က Remote Steering mode မှာပဲ ရှိပြီး Local Mode မှာမရှိပါဘူး။ စီးခဲ့ဖူးတဲ့ တချို့ Steering Gear (ဥပမာ A Rim Machinery) မှာတော့ Local Mode မှာလည်း Hydraulic lock alarm က အလုပ်် လုပ်ပါတယ်။ သဘောက ကျွန်တော်တို့ Local ပြောင်းပြီး Emergency Steering လုပ်ကြတဲ့အခါ Bridge က Command နဲ့ Directional valve position က မတူတော့ပါဘူး။ အဲ့အချိန် သူက Hydraulic Lock alarm ထ ပေးပါတယ်။ အဲဒါကြောင့် အဲ့လို အမျိုးအစားတွေမှာ Emergency Steering မလုပ်ခင် alarm timer setting ပြောင်းရင်ပြောင်း၊ မပြောင်းရင် Alarm Relay ကို ဖြုတ်ထားရပါတယ်။

ဒီ Roll Royce မှာတော့ Local mode မှာ Hydraulic Lock alarm မပေးတဲ့အတွက် အဲ့ ပြဿနာမရှိပါဘူး။ Alarm စမ်းချင်တယ်ဆိုရင် Steering Gear Control ကို Remote မှာ ထားပြီး Pump တစ်လုံးမောင်း၊ ပြီးတော့ သူရဲ့ Directional Control Valve ရဲ့ Solenoid Plug ကို ဖြုတ်ထားပြီး Bridge ကို Hand Steering Command ပေးခိုင်းပြီး Alarm စမ်းလို့ရပါတယ်။ Time delay တစ်ခုကြာရင် alarm လာပါမယ်။

ဒီနေရမှာ တချို့က Hand steering လှည့်ခိုင်းတဲ့အခါ Alarm စမ်းတာကို နားမလည်ဘဲ Rudder လိုက်မရွေ့လို့ Panic ဖြစ်တတ်သူ ရှိတတ်တာမို့ ကျွန်တော်ကတော့ Bridge ကို မလှည့်ခိုင်းဘဲ Solenoid push button ကိုပဲ ဖိပြီး Steering Gear ကို လှည့်စေပါတယ်။ အဲလို လှည့်ရင်လည်း Lock valve ရဲ့ spool က Command အတိုင်း ရှိ မနေတော့လို့ Alarm လာမှာပါ။ Steering Gear mode ကို Remote ထားပြီး Solenoid plug တွေ ဖြုတ်ထားဖို့တော့ မမေ့ဖို့ လိုပါတယ်။

Sensor အသီးသီးဟာ Motor Controller မှာ တွဲပါတဲ့ Alarm interface card ထဲ ဝင်ပါတယ်။ သူကနေ CAN နဲ့ Pump Control PCB နဲ့ Alarm Panel တွေဆီ သွားပါတယ်။ AMS ဆီလည်း Alarm Signal တွေ ပို့ပေးပါတယ်။

Aug 13,2022. Barcelona, Spain.

Leave a comment

About me

🔧 Marine Electrical & ETO Specialist | 10+ Years Experience | Lifelong Learner | Maritime Technology Enthusiast

I’m an experienced Electro-Technical Officer (ETO) with over a decade of hands-on work in the marine electrical field, primarily on tankers. From troubleshooting complex systems to ensuring electrical safety and operational reliability, I bring a practical, safety-first approach to every challenge onboard.

I’m passionate about marine technology, professional growth, and sharing real-life insights from my career through my blog: etoinsights.com.

Outside of work, I’m a proud new dad, and a believer in continuous learning — both at sea and on land.

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.