ME Engine Control System မိတ်ဆက် အကြောင်း ရေးထားခဲ့တဲ့အထဲမှာ MPC ကတ်တွေထဲက တစ်ခု ဖြစ်တဲ့ Cooling Water Control Unit (CWCU) MPC ခေါင်းစဥ်အောက်မှာ LDCL အကြောင်းကို အနည်းငယ်ပြောခဲ့ပါတယ်။ ခု လက်ရှိ စီးနေတဲ့ သင်္ဘောမှာ ရပ်ထားတာ ကြာပြီဖြစ်တဲ့ LDCL system ကို ပြန်စဖို့ Troubleshooting လုပ်ရင်းနဲ့ LDCL control အကြောင်းကို ထပ်ရေးလိုက်ပါတယ်။ Troubleshooting က ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် LDCL control အစအဆုံး လိုက်ခဲ့ရတာကြောင့် မျှဝေလိုက်ပါတယ်။
LDCL က ဘာအတွက်သုံးတာလဲ
လောင်စာဆီ Fuel oil ထဲမှာပါတဲ့ Sulphur က Engine ရဲ့ Combustion process မှာ Oxygen နဲ့ ပေါင်းပြီး Sulphur Dioxide (SO2)ဖြစ်သွားသလို၊ အဲ့ဒီကနေ ထပ်ဆင့် Oxygen နဲ့ ပြန်ဓာတ်ပြုပြီး Sulphur Trioxide (SO3) အဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီနောက်မှာ Scavenge Air က ရေခိုးရေငွေ့နဲ့ SO3 ထိတွေ့အခါမှာ Sulphuric Acid (H2SO4) ဖြစ်သွားပါတယ်။
Engine အထဲမှာ H2SO4 ရဲ့ dew point က 150C to 200 C ဝန်းကျင် ရှိနေပါတယ်။ သင်္ဘောက RPM နည်းနည်းနဲ့ သွားနေတဲ့အခါ၊ ME load က နည်းတွေတဲ့အခါ Cylinder Liner ရဲ့ အပူချိန်က နည်းနေမယ်၊ H2SO4 ရဲ့ Dew Point အောက် ရောက်နေမယ်ဆိုရင် H2SO4 က Liner ပေါ်မှာ condensate ဖြစ်ပြီး Cold Corrosion ဖြစ်ပေါ်စေပါတယ်။ Cold Corrosion ကြောင့် Liner နဲ့ Piston ring တွေ သက်တမ်းတိုတာ၊ cylinder oil ချေးတွေ ပိုများလာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် Low RPM မှာ Liner Temperature ကို မြှင့်ထားဖို့ အတွက် Liner Jacket Water Temperature ကို တင်ပေးဖို့ လိုအပ်လာပါတယ်။ LDCL က ဒါကို တာဝန်ယူတာ ဖြစ်ပါတယ်။ ME Load အလိုက် Liner Jacket Water Temperature ကို ထိန်းပေးတာ ဖြစ်ပါတယ်။

Figure 1 မှာ မှာ အနီရောင်လိုင်း (TLDVT) က Liner Jacket Water အပူချိန် ဖြစ်ပါတယ်။ ME Load 50% အထိ 120C မှာ ထား ထားတာကို တွေ့ရမှာပါ။ ပုံမှန် ME Jacket Water Temperature Outlet က 85C မှာ အမြဲရှိအောင် Inlet Temperature Tin ကို ME load အလိုက် အတင်အချ ထိန်းညှိပါတယ်။ Liner Jacket Water ကို Liner အတွင်းမှာပဲ ထပ်တလဲလဲ ပြန်လှည့် စေပြီး 120C ရအောင် လုပ်ယူတာ ဖြစ်ပါတယ်။

Fig2 မှာ ပုံမှန် Jacket water အဝင်အထွက် ကို အပြာရောင် နဲ့ ပြထားပါတယ်။ အဲဒီပုံမှာ CWCU MPC က နေ Control လုပ်တဲ့ 3 way valve ကို တွေ့ရပါမယ်။ အဲဒီ 3 way valve က Liner Temperature (TLDVT) ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။ ခု Fig 2 အရ 3 way valve က 3B to 1AB ကို ပွင့်နေပါတယ်။ အဲဒီအချိန် LDCL circulation pump က ရပ်နေမှာ ဖြစ်ပါတယ်။

Fig 3 မှာ CWCU ကနေ 3 way valve ကို 2A to 1AB position ပြောင်းထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Liner Jacket water ကို Liner ထဲ ပြန်လှည့်စေပြီး Liner Jacket temperature ကို မြှင့်ယူတာ ဖြစ်ပါတယ်။ Liner Jacket ကို Flow ရှိနေစေဖို့အတွက် LDCL circulation pump ကို မောင်းထားပါတယ်။ ME load အလိုက် ရယ် ၊ Liner Jacket temperature ရယ်ကို မူတည်ပြီး 3 way valve position ကို လိုအပ်သလို အတိုးအလျော့ ကစားပြီး ထိန်းချုပ်တာ ဖြစ်ပါတယ်။

CWCU MPC က Engine Control System ကနေ ME load နဲ့ Sulphur content information ကို ရပါတယ်။ အဲဒီအချက်အလက်ကိုမူတည်ပြီးတော့ သူက Liner Jacket ရဲ့ Temperature set point ကို သတ်မှတ်ပြီး 3 way valve ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူက Cylinder Cover Jacket Outlet Temperature ကို ပါ 85C အမြဲရနေအောင် ME Jacket Cooler ရဲ့ Set point ကို ပါ တွက်ချက် သတ်မှတ်ပြီး Jacket cooler ရဲ့ 3way valve position ကိုပါ ထပ်ဆင့် ထိန်းညှိပါတယ်။ Circulation pump outlet pressure ကျတာ၊ Motor trip ဖြစ်တာ၊ 3 way valve error ဖြစ်တာ တွေဆိုရင် 3 way valve က 100% position (2A to 1AB) ပြောင်းမှာ ဖြစ်ပါတယ်။
Main Engine စမောင်းတဲ့အခါ LDCL circulation pump က ME load 2% ကနေ စမှာ ဖြစ်ပါတယ်။ Main Engine ရပ်တဲ့အခါ မှာ LDCL 3 way valve က 100% (3B to 1AB) position ကို တဖြည်းဖြည်း ပြောင်းယူပါတယ်။ Liner jacket က 120C ရှိနေတာမို့ ရုတ်ခြည်းဖွင့်ရင် ရုတ်တရက် Jacket water တွေ အကုန် ထွက်သွားပြီး Thermal stress တွေ ဖြစ်နိုင်တာမို့ တဖြည်းဖြည်းချင်းဖွင့်ပြီး Cylinder Cover jacket temperature နဲ့ တူအောင် ညှိယူတာဖြစ်ပါတယ်။ အဲဒီအချိန် ထိ LDCL က မောင်းနေမှာ ဖြစ်ပါတယ်။ နောက်ဆုံး 3 way valve 100% ပွင့်ပြီး Liner jacket temp ကျပြီးဆိုရင် LDCL circulation pump ရပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ Main Engine စရပ်ချိန် 3 way valve ရဲ့ pneumatic line ကို အကြောင်းတခုခု ကြောင့် ပိတ်ရမယ်ဆို ရင် LDCL system က 100% ပွင့်ပြီးချိန်ထိ စောင့်သင့်ပါတယ်။

ခု LDCL system overview အကြောင်း ပြီးနောက် ခု လက်ရှိ သင်္ဘောက LDCL system troubleshooting အကြောင်း ဆက်သွားပါ့မယ်။ သင်္ဘောပေါ်စရောက်တော့ LDCL system off ထားတာကို တွေ့ရပါတယ်။ Maneuvering အချိန်ဆိုရင် ME jacket cooler နား တစ်ယောက်က အမြဲနေပြီး ME jacket outlet temperature ကို ထိန်းပါတယ်။
LDCL system ကို စစ်ကြည့်တော့ 3way valve ရဲ့ IP converter ကို ပါဝါ ဖြုတ်ထားတာ တွေ့ရပါတယ်။ သင်္ဘော ရပ်ထားချိန် ပါဝါ ပြန်ပေးကြည့်တော့ 3 way valve က default position ဖြစ်တဲ့ 100% မှာပဲ ရှိနေပြီး IP converter display မှာ Feedback က 21% ပြန်နေပါတယ်။

CWCU MPC က 3 way valve ကို 4-20 mA signal ပေးတာပါ။ 4-20mA ကို Simulate လုပ်ကြည့်လဲ ဘာမှ မထူးတာမို့ IP converter မကောင်းဘူးလို့ ကောက်ချက်ချပြီး အသစ်မှာလိုက်ပါတယ်။ IP converter အသစ် ရောက်လာတဲ့အခါ သူ့မှာ feedback အတွက် ဘာ output မှာ ပါမလာတာ တွေ့ရပါတယ်။ CWCU ကနေ 4-20 mA command signal ပေးပြီး IP converter က 4-20 mA feedback နဲ့ valve position ကို ပြန်ပို့ပေးတာပါ။ တကယ်လို့ Command နဲ့ feedback မတူခဲ့ရင် valve position error alarm လာပြီး LDCL system failure ဖြစ်မှာပါ။ ကံကောင်းတာက အရင် IP converter အဟောင်းကို မပစ်ရသေးတာပါ။
အဟောင်းကို ဖွင့်ကြည့်တော့ feedback unit PCB က ဖြုတ်လို့ရတာတွေ့တာနဲ့ ဖြုတ်ပြီး အသစ်မှာ တပ်လိုက်ပါတယ်။ မှာတုန်းက သေချာ အကုန်ရေးပြီး မှာပေမယ့် အသစ်မှာ ဘာလို့ feedback pcb ပါမလာတာလဲတော့ မသိပါ။ အဟောင်းကို မပစ်မိတာပဲ တော်သေးတယ်လို့ ပြောရမှာပါ။ IP converter အသစ်ကိုတပ်၊ သူ့ မှာပါလာတဲ့ အညွှန်းစာရွက်ထဲက အတိုင်း set up လုပ်တဲ့အခါ၊ IP converter က သူ့ဘာသာ valve အဖွင့်အပိတ်လုပ်၊ calibrate လုပ်ပြီး နောက်ဆုံးမှာ ready ဖြစ်ပါတယ်။ သေချာအောင် 4-20 mA simulate လုပ်ကြည့်တော့ အဆင်ပြေတာတွေ့ရပါတယ်။
MOP မှာ valve position feedback alarm လည်း မလာဘူးဆိုတော့ CWCU က Command နဲ့ 3 way valve က feedback signal တို့ တူညီတယ် error မရှိဘူးလို့ ယူဆမိပါတယ်။ ဒါပေမယ့် LDCL system ON လိုက်တော့ Liner Jacket water Differential pressure alarm လာတာတွေ့ရပါတယ်။ Valve position က 2A to 1AB ဖြစ်နေတာ တွေ့ရပါတယ်။ Liner Jacket က သူ့ထဲမှာပဲ ပတ်နေတဲ့သဘောပါ။ Engine မမောင်းထားတော့ အမှန်က 3A to 1AB ဖြစ်ရမှာပါ။ Figure 7 မှာ ပုံနဲ့ ပြထားပါတယ်။

Liner Jacket Water Line နဲ့ Cylinder Cover Jacket Water Line အဝင်နဲ့ အထွက် လိုင်းတွေက Pressure ကွာခြားချက်ကို Differential Pressure Transmitter တစ်ခုဆီနဲ့ စောင့်ကြည့်ပါတယ်။ cooling water ပိုက်လိုင်းတွေ တလျှောက် Jacket water က စီးတဲ့အခါ Flow resistance, Temperature expansion နဲ့ နေရာ အမြင့် တွေကိုမူတည်ပြီး jacket water အဝင်နဲ့ အထွက်မှာ pressure ကွာခြားချက် ရှိနေရပါမယ်။

တကယ်လို့ cooling water flow မရှိတော့ရင် Differential pressure တန်ဖိုးက ကျသွားမှာ ဖြစ်ပြီး Jacket Cooling Differential Pressure Alarm လာပြီး Engine ကို Slow Down ဖြစ်စေမှာပါ။
ခု 3 way valve position က Figure 6 မှာ ပြထားသလို 2A to 1AB ဖြစ်နေတဲ့အချိန် Liner jacket water တွေက သူထဲမှာ လည်ပတ်ရမယ့် အခြေအနေမှာ LDCL circulation pump ကလည်း ရပ်နေတော့ Liner water flow မရှိတဲ့အတွက် Liner Jacket Cooling Differential Pressure Low Alarm လာတာ ဖြစ်ပါတယ်။
ခု စက် ကလည်း ရပ်ထားတယ်၊ CWCU က command က 20mA ဆိုတော့ 20mA မှာ Valve position က 3B to 1AB ဖြစ်ရမှာပါ။ ဒါမှ Liner ထဲ Jacket water flow ရှိမှာပါ။ IP converter ရဲ့ အညွှန်းစာရွက်ကို သေချာ ပြန်ကြည့်တော့ command signal မှာ rising and falling ဆိုပြီး တွေ့ပါတယ်။ မူလ rising ကို ရွေးထားတာမှာ Falling လို့ပြောင်းလိုက်ပါတယ်။ Feedback signal setting မှာလည်း rising ကို Falling ပြောင်းပေးရမှာပါ။ သဘောက valve ကို 4mA မှာ ပိတ်ချင်တာလား 20mA မှာ ပိတ်ချင်တာလား ရွေးရတာပါ။ PID controller တွေ IP converter တွေမှာ ဒီလို setting တွေ ပါ ပါတယ်။ setting ပြောင်းပြီးနောက်မှာတော့ အဆင်ပြေသွားတာ တွေ့ရပါတယ်။
သင်္ဘော ပြန်မောင်းတဲ့အချိန် အကုန် အဆင်ပြေမယ့် ME jacket cooler ရဲ့ Temperature set point က ME load အလိုက် လိုက်မပြောင်းတာကို ထပ်တွေ့ရပါတယ်။ အမှန်ဆိုရင် CWCU က ME Load အလိုက် Jacket cooler outlet Temperature setpoint ကို ME Jacket cooler temperature controller ဆီ ပို့တာပါ။ ကြိုးအဝင်အထွက်တွေ စစ်ကြည့်တော့ အကုန် ပုံမှန်ပါပဲ။ Temperature controller ရဲ့ PCB အပေါ် သေချာ လိုက်ကြည့်တော့ DIP switch နှစ်ခုကိုတွေ့ရပါတယ်။ တစ်ခု က Pressure နဲ့ Temperature ရွေးတာပါ။ Pressure controller အနေနဲ့သုံးမှာလား၊ Temperature controller အနေနဲ့ သုံးမှာလား ရွေးရတာပါ။ နောက်တခု external setpoint နဲ့ internal setpoint ပါ။ Internal setpoint ကို ON ထားတာတွေ့ရလို့ External ဖက် ပြောင်းပေးလိုက်တဲ့အခါ CWCU က ပို့ပေးတဲ့ အတိုင်း set point လိုက်ပြောင်းတာတွေ့ရပါတယ်။


Jacket Cooler Temperature Controller ပေါ်က Jacket cooler outlet temp value (Process Value) က Main Engine Jacket Inlet Temp value နဲ့ 10C လောက် ကွာနေတာ သတိထားမိပါတယ်။ အမှန်ဆိုရင် ထပ်တူမကျနိုင်ရင်တောင် 1C /2C လောက်ပဲ ကွာသင့်တာပါ။ AMS monitor က jacket cooler outlet temp နဲ့လည်း 10C လောက်ကွာနေတာ တွေ့ရပါတယ်။

AMS ကိုပို့တဲ့ Jacket cooler outlet temp sensor PT 100 နဲ့ Temperature controller Process valve အတွက် ပို့ပေးတဲ့ PT100 တို့က တနေရာထဲကလာတာ ဖြစ်ပါတယ်။ Tube တစ်ခုတည်းမှာ PT100 နှစ်ခု ထည့်ထားတဲ့အမျိုးအစားပါ။ Ohm တိုင်းကြည့်တော့ နှစ်ခုစလုံးရဲ့ Ohm တန်ဖိုးက အတူတူပါ။ ဆိုတော့ sensor အမှားမဟုတ်ပါဘူး။ Temperature controller setting ထဲ ဝင်မွှေကြည့်တော့ TC gain ဆိုတဲ့ setting တစ်ခု တွေ့ပါတယ်။ Manual မှာ TC gain ကိုတင်ရင် Process Value တက်မယ်လို့ဆိုထားပါတယ်။ မူလ 1000 ထားထားရာကနေ တဖြည်းဖြည်းချင်းဆီ တင်ကြည့်ပြီး တကယ်ရှိနေတဲ့ Temperature ကို ရအောင် ညှိယူလိုက်ပါတယ်။
ဒါတွေ ပြီးနောက်မှာတော့ LDCL system က အမှားမရှိဘဲ အဆင်ပြေပြေ အလုပ်လုပ်နေတာ တွေ့ရပါတယ်။ Liner jacket water temperature ကို ME load အလိုက် ထိန်းထားနိုင်သလို Cylinder cover jacket outlet temp ကိုလည်း 85C မှာ ငြိမ်နေအောင် လုပ်ထားနိုင်တာတွေ့ရပါတယ်။
Reference:
- Hyundai MAN B&W, Marine Diesel Engine 6G60ME-C9.5 Instruction Manual
- MAN B&W, Service Letter SL2019-671/JAP, MAN B&W
- Anish, 2019, Understanding Hot and Cold Corrosion in Marine Engine, Marine Technology, Marine Insights
မဟာလျှပ်စီး (1255HR, 16FEB2025, Kuwait)
(This blog post is intended solely for educational purposes and knowledge sharing. It is not designed for commercial publication or professional use. The information provided aims to offer a general introduction to ME Engine Control Systems for those unfamiliar with the topic.
Please be aware that this overview is based on specific ME engines encountered and reflects current technology as of the date of writing. Due to the evolving nature of technology, there may be gaps, discrepancies, or inaccuracies in the information presented.
For the most accurate and up-to-date information, further research and consultation with industry experts are recommended. Corrections, additional insights, and feedback from the community are welcome to enhance the accuracy and usefulness of this material.)
Leave a comment