Logged by an ETO

ETO Insights

ODME အကြောင်း က ကြီး ခခွေး

Electrical Cadet အနေနဲ့ အလုပ်ရဖို့ ပထမဆုံး ဖြေရတဲ့ အင်တာဗျုးမှာ ဗျူးတဲ့သူက personal အကြောင်း ဘာညာ မေးအပြီးမှာ Technical အကြောင်းမေးမယ် ဆိုပြီး ODME ဆိုတာ ဘာလဲလို့ မေးခွန်းတစ်ခုပဲ မေးခဲ့ပါတယ်။

ကံကောင်းစွာနဲ့ လွယ်လွယ်ကူကူ ဖြေနိုင်ခဲ့ပါတယ်။

ETO ဖြစ်ပြီးနောက် company တစ်ခုမှာ အင်တာဗျူးဝင်တော့ ဟိုဖက်က ဆူပါက တခြားဘာမေးခွန်းမှ မမေးဘဲ သူ လတ်တ‌‌လော ခေါင်းခဲနေပုံရတဲ့ ODME ပြဿနာအကြောင်းပဲတောက်လျှောက်မေးပါတယ်။ သူလဲ မေးချင်တာမေး ကျွန်တော်လည်း ဖြေချင်တာဖြေရင်း သိပ်အဆင်မပြေခဲ့ပေမယ့် ကံကောင်းစွာ အလုပ်ရခဲ့ပါတယ်။

ပဲဟင်းစားပြီးမှ အိမ်သာလိုက်ရှာဆိုသလို onboardမှ ပြဿနာတွေ ကြုံတော့မှ စီနီယာဆရာတွေ၊ သူငယ်ချင်းတွေကိုမေးပြီးသိလာတာတွေနဲ့ ကိုယ်ကြုံဖူးတာတွေ ကို မျှဝေပါရစေ။

ODME လို့အတိုကောက်ခေါ်တဲ့ Oil Discharge Monitoring Equipmentဟာ MARPOL Annex 1 အရ 150GRT အထက် Tanker တွေမှာ cargo area က oil dischargeကို ထိန်းညှိဖို့ ၊ မှတ်တမ်းတင်ထားဖို့ တပ်ဆင်ထားရတာပါ။ Tank cleaning က ရလာတဲ့ စွန့်ပစ်ရမယ့် ရေတွေ၊ Dirty ballast တွေ နဲ့ ပတ်သတ်ပြီး စည်းမျဉ်းစည်းကမ်းတွေကတော့ Annex 1 ထဲမှာ အသေးစိတ် လေ့လာလို့ရပါတယ်။

အကြမ်းဖြင်းပြောရရင် cargo area က စွန့်ပစ်ရေတွေ ပင်လယ်ထဲ စွန့်ဖို့အတွက်

– သင်္ဘောဟာ သွားနေရမယ်၊

– ကမ်းနဲ့ ရေမိုင် အနည်းဆုံး 50အကွာ ရှိရမယ်၊

စွန့်ပစ်နှုန်း discharge rate က ရေမိုင်တစ်မိုင်ကို လီတာ 30 ထက် မပိုရဘူး၊

– စွန့်ပစ်လိုက်တဲ့‌ပမာဏကလည်း previous cargo ရဲ့ 1/30000 ထက်မပိုရဘူးလို့ သတ်မှတ်ထားပါတယ်။

အဲ့နေရာမှာ ODME က သတ်မှတ်ထားတဲ့ rate၊ ပမာဏ နဲ့ ကိုက်ညီမညီ စောင့်ကြည့်ပြီး မှတ်တမ်းမှတ်ရာသိမ်းထားတာပါ။ တကယ်လို့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် စွန့်ထုတ်တာကိုသူက ရပ်ပေးမှာပါ။

ODME အမျိုးအစားတွေ အမျိုးမျိုးရှိတဲ့အထဲက ကျွန်တော် စီးဖူးနေကြ Rivertrace ရဲ့ SMART ODME ကိုပဲ မူတည်ပြီး ပြောပါရစေ။

SMART ODME ကို Computing and monitoring module, Smart cell module, Overboard discharge 3 way valve ဆိုပြီး အပိုင်းသုံးပိုင်း ခွဲနိုင်ပါတယ်။

Computing and monitoring moduleက Safe area ဖြစ်တဲ့ CCR ထဲမှာ ရှိပြီး ကျန်တာတွေက Hazardous area ဖြစ်တဲ့ Deck ပေါ်မှာပါ။

Computing and Monitoring Module in CCR

Computing moduleထဲကို သင်္ဘောရဲ့ speed, GPS စတဲ့ dataတွေပါ ယူထားပါတယ်။သူက flow sensorကနေ Discharge rate ကိုတွက်တယ်၊ Smart cell ကနေ ppm တိုင်းတာကိုယူတယ်၊ ပြီးတော့ သင်္ဘောspeed positionစတာတွေကို တွက်ပြီး Overboard discharge valve ကို အဖွင့်အပိတ် commend ပေးပါတယ်။ တကယ်လို့ အပေါ်က ပြောခဲ့သလို discharge rate က 30litres per nautical miles ထက်များနေရင်၊ စွန့်ထုတ်တဲ့ပမာဏက previous cargo ရဲ့ 1/30000 ထက်များနေရင် ၊ တိုင်းလို့ရတဲ့ ppm က 1000 ထက် များနေရင် discharge valve ကို ပိတ်ပစ်ပါတယ်။

Smart cell က discharge line ကနေ sample water ကို ယူပြီး ppm ကို တိုင်းပြီး Computing moduleဆီပို့ပေးတာပါ။ သူ့ဆီ sample water ပို့ပေးဖို့အတွက် Electric pump တပ်ဆင်ထားပါတယ်။ pressure စောင့်ကြည့်ဖို့ pressure transmitter ရှိပါတယ်။ sensor cleaningလုပ်ဖို့ fresh water inlet လည်း ရှ်ိပါတယ်။ OWS တချို့မှာ တွေ့ရသလိုမျိုး သူက pneumatic cleaner လေးနဲ့ sensor cleaning လုပ်တာပါ။ Auto /manual cleaning လုပ်လို့ရပါတယ်။

Smart cell ရဲ့ထိပ်မှာ cleaning အတွက် pneumatic cleaner လေးတစ်ခုပါ ပါတယ်။

Smart cell, sampling pump, sensors တွေဟာ Hazardous areaမှာလို့ zener barrier တဆင့် ခံထားပါတယ်။

Zener Barrier

ကြုံတွေ့ဖူးသော ပြဿနာများ

ကျွန်တော် သင်္ဘောတစ်စီးမှာ flow sensorက sensing မရတာ ဖြစ်ဖူးပါတယ်။ sensor ကို ဖြုတ်ကြည့်တော့ ထိပ်မှာ ဒလက် သေးသေးလေး ပါတာတွေပါတယ်။ ချေးတွေကပ်ပြီး မလည်တာတွေ့လို့ ဖြုတ်ဆေးခဲ့ပါတယ်။ အရမ်းသေးလို့ ပြန်တပ်တဲ့အခါ အရမ်း လက်ပေါက်ကပ် ပါတယ်။

နောက်တစ်စီးမှာတော့ ppm က အမြဲများနေတာပါ။ sensor ကို auto /manual flushingတွေ လုပ်ပေးမယ့် အဆင်မပြေပါဘူး။ sensor ကို flushingလုပ်ပေးတဲ့ fresh waterလိုင်းကို စစ်ကြည့်တော့ ရေတွေက မြစ်ရေ တွေလို နှောက်ကျိနေတာတွေ့ရပါတယ်။ port တစ်ခု ယူလာတဲ့ fresh water တွေပါ။ နောက်ဆုံး ရေအသန့် ရအောင်ပြန်လုပ် ၊ sensor ကို အထပ်ထပ်အခါခါ flushingလုပ်ကြည့်တော့ အဆင်ပြေခဲ့ပါတယ်။

ခု ဒီ သင်္ဘောမှာလည်း ppm ပြဿနာ ထပ်ကြုံရပါတယ်။ ငါးမိနစ်တခါလောက် 1000 ppm ကျော်ကျော်သွားလို့ systemရပ်ရပ်သွားပါတယ်။ စစ်ကြည့်တော့ system drain valveက ဖွင့်ထားတာတွေ့ရပါတယ်။ အဲဒါကြောင့် sample water က Smart cell ဆီ ရောက်လိုက် မရောက်လိုက် ဖြစ်ပုံရပါတယ်။ drain valveပိတ် ကြည့်တော့ high pressureနဲ့ ပြန်ရပ်ပြန်ပါတယ်။ နောက်ဆုံး 50%လောက် ဖွင့်ထားတော့ အဆင်ပြေသွားခဲ့ပါတယ်ခင်မျ။

System Drain Valve

2 responses to “ODME အကြောင်း က ကြီး ခခွေး”

  1. ကျေးဇူးပါအကို။ အသိတွေ တိုးပွားရပါတယ်ဗျ။ 🤗

    Like

    1. ksaungmyanmar Avatar

      ကျေးဇူးပါ ခင်ဗျ။

      Like

Leave a reply to Yewunna Htoon Cancel reply

About me

Hello! I’m an ETO from Myanmar, currently working on LNG tankers. Welcome to ETO Insights, a place where I share my ongoing learning experiences and observations about marine electrical systems.

In my work on oil products, chemical, and gas tankers, I’ve faced many technical challenges and learned a lot along the way. I don’t consider myself an expert—there’s always room to grow—but I hope that by sharing what I’ve experienced, I can help other ETOs, marine engineers, and anyone interested in marine electrical systems.

My goal with ETO Insights is to provide practical information, lessons, and tips that may support safer and more efficient marine operations. I hope these insights are useful, and I also welcome your questions, feedback, and shared experiences—because I’m still learning, just like you.

Thank you for visiting, and I hope you find the content helpful and engaging!

📩 Let’s connect if you’re in the maritime industry, exploring collaboration, or simply want to exchange knowledge and experiences.