ခုပုံက က capacitance level switch ပါ။ Capacitor က ကျွန်တော်တို့ သိကြတဲ့အတိုင်း သူ့ရဲ့ conductor နှစ်ခုကြားက dielectric material ပေါ် မူတည်ပြီး capacitance တန်ဖိုး ပြောင်းပါတယ်။
ခု ဒီ Switch ကလည်း သူရဲ့ conductor နှစ်ခုကြား လေရှိရင် capacitance တမျိုး ၊ Liquid ရောက်လာရင် capacitance တမျိုး ထုတ်ပြီး level sensing လုပ်ပါတယ်။
ရလာတဲ့ capacitance တန်ဖိုးကို mA ပြောင်းပြီး control system ဆီ ပို့ပါတယ်။ Liquid မရှိချိန်မှာ 16 mA ထုတ်ပြီး liquid ရောက်လာရင်တော့ 8 mA ထုတ်ပါတယ်။ ဒီ Switch အမျိုးအစားကိုပဲ ပြောတာပါ။ Maker ပေါ်မူတည်ပြီး NO NC output ထုတ်ပေးတဲ့ တခြားအမျိုးအစားတွေလည်း ရှိပါတယ်။
ဆိုတော့ level switch ကောင်းမကောင်း စမ်းဖို့အတွက် ပုံမှန် level switch တွေကို စမ်းသလိုမျိုး မီတာ ထောက်ပြီး NO NC contact စမ်းလို့မရပါဘူး ။ 24 VDc loop power နဲ့ ချိတ်ပြီး current output ကို တိုင်းမှ ရပါမယ်။
ခု ပြထားတဲ့ level switch က LPG cargo cooling compressor ရဲ့ suction separator ကဟာပါ။ switch ကို liquid gas ထိရင် high level alarm ပေးမှာပါ။
Capacitance switch ရဲ့ အားသားချက်က moving parts မရှိတာ ၊ Non Contact Measurement ဖြစ်တာရယ်ကြောင့် explosive environment မှာ ပိုအသုံးဝင်ပါတယ်။



မဟာလျှပ်စီး ( Pacific Ocean, 0700, 6 Jan 2025)
Leave a comment