Category: ME Engine Control System မိတ်ဆက်
-
ME Engine Control System မိတ်ဆက် အကြောင်း ရေးထားခဲ့တဲ့အထဲမှာ MPC ကတ်တွေထဲက တစ်ခု ဖြစ်တဲ့ Cooling Water Control Unit (CWCU) MPC ခေါင်းစဥ်အောက်မှာ LDCL အကြောင်းကို အနည်းငယ်ပြောခဲ့ပါတယ်။ ခု လက်ရှိ စီးနေတဲ့ သင်္ဘောမှာ ရပ်ထားတာ ကြာပြီဖြစ်တဲ့ LDCL system ကို ပြန်စဖို့ Troubleshooting လုပ်ရင်းနဲ့ LDCL control အကြောင်းကို ထပ်ရေးလိုက်ပါတယ်။ Troubleshooting က ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် LDCL control အစအဆုံး လိုက်ခဲ့ရတာကြောင့် မျှဝေလိုက်ပါတယ်။ LDCL က ဘာအတွက်သုံးတာလဲ လောင်စာဆီ Fuel oil ထဲမှာပါတဲ့ Sulphur…
-
Jan 26,2022. Rotterdam ကျွန်တော် ဒီစနစ်ကို ခုမှ စ စီးဖူးတာပါ။ တိတိကျကျ ထပ်ပြောရရင် ခု လက်ရှိ သင်္ဘော စီးတော့မှ ကြားဖူး မြင်ဖူးတာပါ။ Main Engine , Propulsion Control System တွေကလည်း ကျွန်တော် မစီးဖူးသေးတဲ့ အမျိုးအစားပါ။ ဒီ သင်္ဘောက တခြား Management ကနေ လက်လွှဲယူတာဖြစ်ပြီး CE တစ်ယောက်ပဲ အရင် Management နဲ့ နှစ်ပတ်အတူတွဲစီးထားပြီး ကျွန်တော်နဲ့ အရင်လိုင်းက EO နဲ့က Handover တစ်နာရီသာသာပဲ ရခဲ့ပါတယ်။ စရောက်ပြီး နှစ်ရက်လောက်ကြာတော့ ME control system ကနေ BWCM Failure ဆိုပြီး Alarm…
-
Emission Reduction Control System (ERCS) ERCS က January 2016 နောက်ပိုင်း အသက်ဝင်လာတဲ့ IMO TIER III requirement အရ Exhaust gas တွေမှာ ပါဝင်တဲ့ NOx ကို လျော့ချဖို့ အတွက် ဖြစ်ပါတယ်။ NOx ကို လျော့ချဖို့ EGR ( Exhaust Gas Recirculation)၊ Selective Catalytic Reduction (SCR)၊ Water in methanol (LGIM-W)၊ Lowe pressure gas engine (ME-GA) စတဲ့ နည်းပညာ အမျိုး မျိုးရှိတဲ့အထဲ ကျွန်တော့်အနေနဲ့ Selective Catalytic Reduction…
-
Tacho System ရှေ့အပိုင်းတွေမှာ MPC အကြောင်း၊ Hydraulic power supply (HPS) Unit နဲ့ Hydraulic Cylinder Unit အကြောင်းကို ပြောခဲ့ပြီးပါပြီ။ MPC တွေက သူတို့ သက်ဆိုင်ရာ function အလိုက် Control and monitoring လုပ်မယ်၊ HPS က control function အတွက် လိုအပ်တဲ့ Hydraulic oil pressure ကို ပံ့ပိုးမယ်၊ HCU တွေက Cylinder Unit အလိုက် Exhaust valve operation၊ Fuel injection နဲ့ cylinder lubrication တို့ ကို လုပ်ဆောင်မယ်ဆိုတာတွေ ဖော်ပြခဲ့ပါတယ်။…
-
Cylinder Lubricator သူက Hydraulic cylinder unit ရဲ့ Distribution block မှာ တွဲလျက် တပ်ဆင်ထားပါတယ်။ CCU က ပေးပို့တဲ့ Cylinder Lubrication rate အတိုင်း Lubricator ကို အဖွင့်အပိတ် အကြိမ်ရေ အတိုးအလျော့ လုပ်ပြီး လိုချင်တဲ့ Lubrication oil ပမာဏကို Cylinder unit တွေဆီ ပို့ပေးပါတယ်။ Lubricator on/off လုပ်ဖို့အတွက် System hydraulic oil ကို အသုံးပြုထားပါတယ်။ Hydraulic pressure က Lubricator ရဲ့ Spring အားကိုတွန်းကန်ပြီး Injector ကတဆင့် Cylinder lubricating oil တွေကို…
-
Hydraulic Cylinder Unit (HCU) Hydraulic Power Supply Unit က double wall hydraulic pipe တွေကတဆင့် HCU ကို hydraulic oil ထောက်ပံ့ပေးပါတယ်။ Doble wall pipe မဟုတ်ဘဲ Single wall pipe ဆိုရင် hydraulic pipe တွေကို casing ထဲ ထားတတ်ပါတယ်။ System pressure 300 bar ရှိတဲ့ စနစ်တွေရှိသလို 200 bar ရှိတဲ့ စနစ်တွေလည်းရှိပါတယ်။ Hydraulic Cylinder Unit (HCU) က cylinder unit တစ်ခုကို တစ်လုံးဆီရှိပါတယ်။ ချွင်းချက်အနေနဲ့ ME-B မှာ…
-
Hydraulic System ME engine ရဲ့ Hydraulic System က Electronically Controlled Mechanical hydraulic System ဖြစ်ပါတယ်။ Engine ရဲ့ Fuel oil injection၊ exhaust valve operation တို့ကို Engine Control System က Hydraulic power ကို သုံးပြီး ထိန်းချုပ်တာဖြစ်ပါတယ်။ Hydraulic oil အတွက် System lubricating oil ကို သုံးထားပြီး လိုအပ်တဲ့ hydraulic oil ကို Hydraulic Power Supply Unit က ပေးပို့ပါတယ်။ Hydraulic Power Supply Unit…
-
MPC card အသစ်လဲခြင်း MPC တစ်ခုခုက alarm တက်လာပြီဆိုရင် MOP panel မှာ alarm ရဲ့ information ကို သွားဖတ်ပြီး ဘာကြောင့် ဖြစ်နိုင်တယ်ဆို သိနိုင်ပါတယ်။ သူက ဖြစ်နိုင်ချေ ရှိတဲ့ အကြောင်းအရာတွေ အကုန်လုံးကို ရှင်းပြထားတာပါ။ Computer based controller တွေဆိုတော့ တချို့ ပြဿနာတွေ error တွေက Reset လုပ်ရင် အဆင်ပြေတတ် ပါတယ်။ EICU လို redundancy ရှိတဲ့ ကတ်တွေကို reset လုပ်တာက ဘာမှ မဖြစ်ပေမယ့် CCU, ACU တို့ကို လုပ်ရင် Engine Slow down ဖြစ်မှာမို့ သင်္ဘောက…
-
ACU – Auxiliary Control Unit ACU က သုံးခု ရှိပါတယ်။ သူက Hydraulic Power Supply Pump ၊ Auxiliary Blower တို့ကို တာဝန်ယူပါတယ်။ Scavenge air pressure ပေါ်မူတည်ပြီး Auxiliary blower start/stop ကို လုပ်ဆောင်ပေးပါတယ်။ ပြီးတော့ Engine driven hydraulic pump တွေရဲ့ Flow control၊ Electric driven pump တွေအတွက် start/stop စတာတွေကို လုပ်ဆောင်ပေးပါတယ်။ တချို့ Engine တွေမှာ Electric driven pump တွေဟာ variable pump အမျိုးအစား ဆိုရင် …
-
EICU – Engine Interface Control Unit EICU က Engine Control System နဲ့ External System တို့ကို ဆက်သွယ်တာကို တာဝန်ယူပါတယ်။ EICU က EICU A နဲ့ EICU B ဆိုပြီး နှစ်ခု တပ်ဆင်ထားပါတယ်။ တစ်ခု ပျက်ခဲ့ရင် နောက်တစ်ခုက redundancy အနေနဲ့ရှိနေမှာပါ။ Engine Remote Control System၊ Telegraph၊ Engine Safety System နဲ့ ချိတ်ထားပြီး Engine rpm command / speed set, Engine Load Program တွေကို EICU က…